Trending Now

ကက်ရှ်မီးယားဒေသမှာ ဟိန္ဒူတွေ သတ်ဖြတ်ခံရပြီးနောက် ပြည်သူစစ်တပ်ဖွဲ့တွေ ပြန်လည်ထူထောင်

Spread the love

ကက်ရှ်မီးယားဒေသမှာ ဟိန္ဒူတွေ သတ်ဖြတ်ခံရပြီးနောက် ပြည်သူစစ်တပ်ဖွဲ့တွေ ပြန်လည်ထူထောင်

EPN
နိုင်ငံတကာ၊ မတ် ၁

အိန္ဒိယနိုင်ငံ အငြင်းပွားဖွယ် ကက်ရှ်မီးယားဒေသမှာရှိတဲ့ ဒန်ဂရီ ရွာထဲမှာ ဇန်နဝါရီလ အစောပိုင်းက ဟိန္ဒူ ၇ ဦး သတ်ဖြတ်ခံလိုက်ရပါတယ်။

အကြမ်းဖက်မှုဖြစ်ပွားပြီး ရက်ပိုင်းအတွင်း ဟိန္ဒူအများအပြားနေထိုင်တဲ့ ဂျမှုးဒေသမှာ ရာနဲ့ ချီတဲ့ ဒေသခံဟိန္ဒူတွေက သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ဒေါသတကြီး ဆန္ဒပြခဲ့ကြပါတယ်။

တုံ့ပြန်တဲ့အနေနဲ့ အန္ဒိယအာဏာပိုင်တွက အစိုးရကျောထောက်နောက်ခံပြု ပြည်သူ့စစ်တပ်ဖွဲ့ကို ပြန်လည်အသက်သွင်းခဲ့ပြီး ဆယ်ကျော်သက်အချို့အပါအဝင် ရွာသားထောင်းပေါင်းများစွာကို စတင်လေ့ကျင့်ပေးနေပါတယ်။

အိန္ဒိယ နဲ့ ပါကစ္စတန်တို့ကြား အငြင်းပွားဖွယ်ရာ ဖြစ်နေတဲ့ ကက်ရ်ှမီးယားဒေသမှာ ဆယ်စုနှစ်များစွာကြာအောင် အိန္ဒိယအုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ပြည်သူ့စစ်ကို ၁၉၉၀ ပြည့်လွန်နှစ်တွေက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဝေးလံတဲ့ ဟိမဝန္တာကျေးရွာတွေမှာ သောင်းကျန်းသူတွေကို ကာကွယ်ဖို့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် သူပုန်ထမှု လျော့နည်းသွားသလို အဖွဲ့ဝင်အချို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုလူ့အခွင့်အရေးအဖွဲ့တွေက အပြင်းအထန်ဝေဖန်ခဲ့တာကြောင့် ဖျက်သိမ်းခံခဲ့ရပါတယ်။

ဇန်နဝါရီလ က အကြမ်းဖက်မှုဟာ အတိတ်က တိုက်ခိုက်မှုတွေကို မနှစ်မြို့ဖွယ် သတိရလာစေခဲ့ပြီး ဇန်နဝါရီ ၁ ရက်နေ့မှာ သေနတ်သမားနှစ်ဦးကြောင့် သားအဖနှစ်ဦးအပါအဝင် ရွာသားလေးဦး သေဆုံးကာ ငါးဦထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

နောက်တစ်နေ့ မနက်မှာလည်း အိမ်တစ်လုံးအပြင်ဘက်မှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့လို့ ကလေးနှစ်ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီလိုအကြမ်းဖက်မှုတွေကြောင့် ဒေသခံတွေကို သူတို့ကိုယ်သူတို့ ကာကွယ်ဖို့အတွက် အရပ်သားတွေကို လက်နက်တပ်ဆင်ပေးဖို့ လိုအပ်တယ်လို့ လုံခြုံရေးအရာရှိတွေက ပြောပါတယ်။

Ref; India revives civil militia after Hindu killings in Kashmir

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။