Trending Now

နန့်မွန်း-ဟိုပင်သွား ကားလမ်းတွင် မူးယစ်ဆေးဝါး ဆပ်ပြာခွက်များ ဖမ်းဆီးရမိ

Spread the love

နန့်မွန်း-ဟိုပင်သွား ကားလမ်းတွင် မူးယစ်ဆေးဝါး ဆပ်ပြာခွက်များ ဖမ်းဆီးရမိ

EPN
ဟိုပင်၊ မေ ၂

ဟိုပင်မြို့အနောက်ဘက်(၉)မိုင်ခန့်အကွာ နန့်မွန်း-ဟိုပင်သွား ကားလမ်းတွင် ယနေ့၊ မေလ ၂ ရက်၊ နေလည် ၁၁ နာရီခန့် က နန့်မွန်းမြို့ဘက်မှ ဟိုပင်မြို့ဘက်သို့ ဆိုင်ကယ်စီးလာသူတစ်ဦးထံမှ ဆပ်ပြာခွက် (၁၁) ဖမ်းဆီးရမိကြောင်း နယ်မြေရဲစခန်းထံမှ သိရသည်။

ဟိုပင်နယ်မြေစခန်းမှူး ဗိုလ်ဗိုလ်ကျော်၏ လမ်းညွန်မှုဖြင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်ဗိုလ်ဗိုလ်ကျော် နှင့် တပ်ဖွဲ့ဝင်များဖြစ်ကြသည့် ရဲတပ်ကြပ်ကြီး တိုးတိုးဦး၊ ရဲတပ်ကြပ်ဝေဖြိုးဦး၊ ဒုတပ်ကြပ်ရဲသီဟ၊ တပ်သားအောင်ကိုလတ်နှင့် ဇေသူလွင်တို့သည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ အဆိုပါ နေရာတွင် စောင့်ဆိုင်းနေစဉ် နန့်မွန်းမြို့ဘက်မှ ဟိုပင်မြို့သို့ မျိုးထက်လွင် မောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဆိုင်ကယ်ခွကြားမှ Blue Diamond စာတန်းပါ အိတ်အတွင်းမှ အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ထားပြီး တိတ်အဝါများ ကပ်ထားသော အထုတ်အတွင်းမှ ဘိန်းဖြူ ဟု ယူဆရသည့် ဖြူဝါကြားအမှုန့် (၁၀) ဂရမ်ခန်စီပါ ရောင်စုံဆပ်ပြာခွက် (၁၁)ခွက်အတွင်းမှ အလေးချိန်(၁၁၀)ဂရမ်ခန့်ကို ရှာဖွေတွေ့ရှိ၍ သက်သေများရှေ့တွင် မူးယစ်းဆေးဝါးများနှင့်အတူ တွေ့ရှိရသူ မျိုးထက်လွင်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

မျိုးသက်လွင်ဆိုသူကို စစ်ဆေးခဲ့ရာတွင် မူးယစ်ဆေးဝါးများကို နန့်မွန်းမြို့၊ ဆနွင်းကုန်းကျေးရွာ နေ မချိုမာအောင်ထံမှ စရံငွေကျပ်(၅၆၅၀၀၀ိ/- )ပေး၍ ၀ယ်ယူလာခြင်း ဖြစ်ကြောင်း သိရှိသဖြင့် အဆိုပါ ပူးပေါင်းအဖွဲ့သည် ဆနွင်းကုန်းကျေးရွာအုပ်ရေးမှူး ဦးကျော်အေးနှင့် အတူ မူးယစ်ဆေးဝါး နေအိမ်ရှာဖွေဝရမ်းဖြင့် ၀င်ရောက်ရှာဖွေရာ မချိုမာအောင်ကို နေအိမ်တွင် အဆင်သင့်တွေ့သော်လည်း မူးယစ်ဆေးဝါး တစ်စုံတစ်ရာ မတွေ့ရှိကြောင်း သိရသည်။

သို့သော် ၎င်း၏ အိပ်ယာပေါ်တွင်တွေ့ရသည့် ငွေစက္ကူများမှာ မျိုးထက်လွင်မှ မူးယစ်ဆေးဝါးများ ၀ယ်ယူစဉ်က စရံငွေအဖြစ်ပေးထားသည့် ငွေကျပ်(၅၆၅၀၀၀ိ/-) ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ မျိုးထက်လွင်၊ အသက်(၁၉)နှစ်၊ (ဘ)ဦးဌေးလွင်၊ ဝဘော်ကျေးရွာ၊ (၇)ကျေးရွာအုပ်စု၊ ဟိုပင်မြို့နေသူနှင့် မချိုမာအောင်၊ (၂၉)နှစ်၊ (ဘ)ဦးဌေးအောင်၊ ဆနွင်းကုန်း ကျေးရွှာ၊ နန့်မွန်းမြို့နေသူ တို့ကို ဟိုပင်နယ်မြေရဲစခန်းက မယ(ပ) ၃၆/၂၀၂၀ မူး/စိတ် ပုဒ်မ ၁၉(က) / ၁၉ (က)၂၁ အရ အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

မိုးဟိန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။