Trending Now

မြစ်ကြီးနားမြို့တွင် ငွေစက္ကူအတုပြုလုပ်သူ (၂)ဦးနှင့် ငွေစက္ကူအတု စုစုပေါင်း (၁၂)သိန်းကျော် ထပ်မံဖမ်းဆီးရမိ

Spread the love

မြစ်ကြီးနားမြို့တွင် ငွေစက္ကူအတုပြုလုပ်သူ (၂)ဦးနှင့် ငွေစက္ကူအတု စုစုပေါင်း (၁၂)သိန်းကျော် ထပ်မံဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၀

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ယမန်နေ့ စက်တင်ဘာလ (၉)ရက်နေ့က မြန်မာကျပ်ငွေ ငွေစက္ကူအတု ပြုလုပ်သည့် အမျိုသား (၂)ဦးနှင့် ငွေစက္ကူအတု စုစုပေါင်းတန်းဖိုးငွေ (၁၂)သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် မြို့မ ရဲစခန်းမှသိရသည်။

အဆိုပါ ငွေစက္ကူအတု ပြုလုပ်သူနှစ်ဦးကို စက်တင်ဘာလ (၈)ရက်နေ့က ဖမ်းဆီးရမိခဲ့သည့် ငွေစက္ကူအတုပြုလုပ်သူ ကိုပိုင်လင်းထွေး၏ ထွက်ဆိုချက်အရ ရွှေညောင်ပင် ရပ်ကွက်ရှိ ၎င်းတို့၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ငွေစက္ကူအတု များနှင့် ငွေစက္ကူအတုပြုလုပ်ရာတွင် အသုံးပြုသည့် မိတ္တူစက် တစ်လုံး၊ ငွေစက္ကူပြုလုပ်ရာတွင် အသုံးပြုသည့် တံဆိပ်တုံး (၁)နှင့် A4 စာရွက်များ ကို ဖမ်းဆီးရမိခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ အခုဖမ်းဆီးရမိတဲ့ အမျိုသားနှစ်ဦးဟာ ငွေအတုပြုလုပ်နေတယ်လို့ (၈)ရက်နေ့က ဖမ်းမိခဲ့တဲ့ တရာခံတွေရဲ့ ထွက်ဆိုချက်ကနေသိရတယ်၊ အဲ့တာနဲ့ သူတို့နေထိုင်တဲ့ ရွှေညောင်ပင်က နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်၊ သက်သေခံများဖြစ်တဲ့ ငွေစက္ကူအတု (၁၂)သိန်းကျော် ၊ ပိုင်းဖြတ်ခြင်းမရှိသေးတဲ့ငွေစက္ကူအတု စာရွက်တွေ၊ မိတ္တူစက်တွေ၊ တံဆိပ်တုံးတွေ ဖမ်းဆီးရမိခဲ့ပါတယ်၊ အခုရက်ပိုင်းအတွင်း ငွေလွဲဆိုင်တွေ ဈေးဆိုင်တွေမှာ ငွေစက္ကူအတုတွေ အသုံပြုကြတာတွေလဲတွေရတယ် ၊ ပြည်သူများနေနဲ့ အဲ့ဒီလို ကိစ္စတွေဖြစ်ခဲ့ရင် ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောက်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ၎င်းကပြောသည်။

ယင်းဖမ်းဆီရမိသူ အမျိုးသားနှစ်ဦးမှာ ရွှေညောင်ပင်ရပ်ကွက် နယ်မြေ (၅) အတွင်းနေထိုင်သူ ကိုကျော်ဇင်ဝင်း နှင့် ကိုသူရအောင် (ခ) သိန်းဇော်ဦး ဆိုသူများဖြစ်ပြီး မြန်မာကျပ်ငွေ ငါးရာ ကျပ်တန် အရွက် (၂၀) ၊ တစ်ထောင်ကျပ်တန် (၁၅၁)ရွက် ၊ ငါးထောင်ကျပ်တန် (၂၈)ရွက် နှင့် တစ်သောင်း ကျပ်တန်အရွက် (၁၀၀) တို့ အပြင် ပိုင်းဖြတ်ထားခြင်းမရှိသည့် တစ်သောင်းကျပ်တန် ငွေစက္ကူစာရွက်များကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

မြစ်ကြီးနားမြို့တွင် ငွေစက္ကူအတုများအသုံးပြုကာ ငွေလွဲခြင်း ၊ ဈေးဝယ်ခြင်းများ စသည့်ဖြစ်စဉ်များကို ယခုရက်ပိုင်းအတွင် မကြာခဏ တွေ့မြင်လာရပြီး ငွေစက္ကူအတုပြုလုပ်သူ (၃)ဦးကိုလည်း စက်တင်ဘာလ (၈)ရက်နေ့က သက်သေခံပစ္စည်းများ ၊ ငွေစက္ကူအတုများဖြင့် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။