Trending Now

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ ရေကြီးမှုကြောင့် လူ ၄၀,၀၀၀ ကိုဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရ

Spread the love

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ ရေကြီးမှုကြောင့် လူ ၄၀,၀၀၀ ကိုဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရ

EPN
နိုင်ငံတကာ၊ ဇူလိုင် ၁၃

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ ရေကြီးမှုကြောင့် လူ ၄၀,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရကြောင်း နိုင်ငံပိုင်မီဒီယာက ဇူလိုင် ၁၂ ရက် နေ့က ဖော်ပြခဲ့ပါတယ်။

နိုင်ငံအတွင်း ပုံမှန်မဟုတ်တဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင်လ ၅ ရက်နေ့က စတင်ကာ နေရာအနှံ့အပြားမှာ ရေးလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူနေအိမ်တွေ နဲ့ အခြေခံ အဆောက်အအုံတွေပျက်စီးကာ လူသေဆုံးမှုတွေဖြစ်ပွားခဲ့ပါတယ်။

စီချွမ်ပြည်နယ် ပြည်နယ် ယန်း မြို့မှာ ၁၄ နာရီကျော်ကြာ မိုးရေ ၃၀၀.၇ မီလီမီတာ ရွာသွန်းခဲ့ပြီး နေအိမ်တွေကို ဖျက်စီးခဲ့တဲ့ လျှပ်တပြက် ရေကြီးမှုနဲ့ ရွှံ့မြေပြိုမှုတွေ ဖြစ်ပွားခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က ဖော်ပြပါတယ်။

စီချွမ်ပြည်နယ်က အချို့ဒေသတွေမှာ တစ်နာရီအတွင်း ၇၀ မီလီမီတာကျော် မိုးရွာသွန်းနိုင်ပြီး မိုးကြိုးပစ်ခြင်း နဲ့ မိုးသီးမုန်းတိုင်းကျရောက်ခြင်းတွေ ဖြစ်ပေါ်နိုင်ကြောင်း အမျိုးသားမိုးလေဝသဌာနက ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ အခြားနေရာတွေမှာလည်း အလားတူ ဆိုးရွားတဲ့ မိုးရွာသွန်းမှုတွေဖြစ်ပေါ်နေတဲ့အတွက် အနီရောင်သတိပေးချက် ထုတ်ပြန်ထားပြီး ဇူလိုင်လတစ်လျှောက်လုံး ပြင်းထန်တဲ့ရာသီဥတုနဲ့ ဘူမိဗေဒဆိုင်ရာဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်ကြောင်း ထပ်ခါတလဲလဲသတိပေးထားပါတယ်။

Ref; reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။