Trending Now

ရောဂါပိုးကူးသက်ခံရသူနေထိုင်သည့်ခြောက်ထပ်တိုက်နှင့်လမ်းကိုဆေးဖျန်း၊ စားသောက်ဆိုင်တွင်လည်းထိုင်စားခွင့်မပြု

Spread the love

ရောဂါပိုးကူးသက်ခံရသူနေထိုင်သည့်ခြောက်ထပ်တိုက်နှင့်လမ်းကိုဆေးဖျန်း၊ စားသောက်ဆိုင်တွင်လည်း ထိုင်စားခွင့်မပြု

EPN
ရန်ကုန် ၊မတ် ၂၇

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့်ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ၁၀၁ (အထက်လမ်း) ၌‌နေထိုင် သည့်အသက် ၆၉ နှစ်အရွယ်အမျိုးသားနေထိုင်သည့် ခြောက်ထပ်တိုက်နှင့်လမ်းအား ယနေ့ ဆေးဖျန်းခြင်းလုပ်ငန်းလုပ်ဆောင်ခဲ့သည်။

“လက်ရှိ လူနာနေထိုင်တဲ့ ခြောက်ထပ်တိုက် တစ်ခုလုံးကို Home Quarantine ပြုလုပ်ထားပါတယ်။ အိမ်ထဲမှာ လူနာရဲ့အမျိုးသမီးအပါအဝင် မိသားစု အယောက် ၂၀ ရှိတယ်။ အခုက လမ်းကို ဆေးဖြန်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်ပါတယ်”ဟု မင်္ဂလာတောင်ညွှန်မြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောသည်။

လက်ရှိတွင် မင်္ဂလာတောင်ညွှန့်မြို့နယ် ၁၀၁ လမ်းအပါအဝင် မြို့နယ်တွင်းစားသောက်ဆိုင်များ ဆိုင်ထိုင်စားသောက်ခြင်းကိုခွင့်မပြုတော့ဘဲ ပါဆယ်ဝယ်ယူခြင်းသာခွင့်ပြု ကာ လူတစ်ဦးနှင့် တစ်ဦး သုံးပေအကွာတွင်သာနေထိုင်ကြရန်နှင့် မလိုအပ်ဘဲ အိမ်ထဲကအိမ်ပြင်မထွက်ရနိ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှာ လိုက်လံကြေညာလျက်ရှိသည်။

“ရောဂါပိုးရှိသူနဲ့အနည်းကပ်ရှိခဲ့သည့် အသက် ၆၉ နှစ်အရွယ်အမျိုးသား၏ သားနှင့် လူနာအားဆေးရုံသို့ကားမောင်းပို့ပေးခဲ့သူ ယာဉ်မောင်းတို့ကို ဝေဘာဂီဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ်ထားရှိ စစ်ဆေးလျက်ရှိကြောင်း မင်္ဂလာတောင်ညွှန်မြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ကပြောသည်။

ယင်းအမျိုးသားသည် အသက် ၆၉ နှစ်အရွယ် မြန်မာနိုင်ငံသားအမျိုးသားတစ်ဦးဖြစ်ပြီး နှာခေါင်းကင်ဆာ ရောဂါကို သြစတြေးလျနိုင်ငံတွင် ၁ လခန့်ဆေးကုသခံယူခဲ့ ပြီး မြန်မာနိုင်ငံသို့အပြန်တွင် စင်္ကာပူနိုင်ငံ၌ ၄ ရက်ခန့်နေထိုင်ခဲ့ကြောင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ထို့နောက် မြန်မာနိုင်ငံသို့ မတ် ၁၄ ရက်တွင် လေယာဉ်ဖြင့်ရောက်ရှိခဲ့ပြီး မတ် ၁၈ ရက်မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့်လည်ချောင်းနာခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် မတ် ၂၅ ရက်မှစတင်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် သီးခြားထားရှိ၍ အထူးကြပ်မတ်ခန်း (ICU) တွင် ကုသမှုခံယူလျက်ရှိသည်။

အဆိုပါ လူနာထံမှ ဓာတ်ခွဲနမူနာအား ရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးခဲ့ရာ မတ် ၂၆ ရက်တွင် စစ်ဆေးဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီး အသက် ၆၉ နှစ်အရွယ်ဖြစ်ခြင်း ကင်ဆာရောဂါနောက်ဆုံးအခြေအနေတွင်ရှိခြင်းနှင့် COVID -19 ရောဂါပိုးကူးစက်ခံ ထားရခြင်းတို့ကြောင့် နောက်ဆုံးအခြေအနေသို့ရောက်ရှိနေကြောင်း ဦးရန်အောင်ကပြောသည်။

မြန်မာနိုင်ငံတွင်မတ် ၂၅ ရက်အထိ COVID-19 ရောဂါပိုးတွေ့ရှိသူ ၃ ဦးသာရှိခဲ့ရာမှာ ယနေ့ (မတ် ၂၇) ရက်တွင် COVID-19 ရောဂါပိုးတွေ့ရှိသူ နှစ်ဦးထပ်မံတိုးလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၅ ဦးအထိရှိလာခဲ့သည်။

သွေးသစ်(ရန်ကုန်)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။