Trending Now

တမူးမြို့အဝင်ဂိတ်တွင် ကိုယ်အပူချိန် အစစ်မခံဘဲ ကားမောင်းထွက်ပြေးသူကို အမှုဖွင့်

Spread the love

တမူးမြို့အဝင်ဂိတ်တွင် ကိုယ်အပူချိန် အစစ်မခံဘဲ ကားမောင်းထွက်ပြေးသူကို အမှုဖွင့်

EPN
ကလေး၊ ဧပြီ ၁၄

စစ်ကိုင်းတိုင်း တမူးမြို့အဝင် ဂိတ်တွင် မန္တလေးမြို့မှ တမူးမြို့သို့ မောင်းနှင်လာသည့် အိမ်စီးကား တစ်စီးသည် မြို့အဝင် ဂိတ်တွင်ကိုယ်အပူချိန် အစစ်မခံဘဲ ကားမောင်းထွက်ပြေးခဲ့သည့် ယာဉ်မောင်း ကို ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ထားကြောင်း တမူးမြို့မရဲစခန်းမှ သိရသည်။

ယာဉ်မောင်း ကိုစိုင်းထက်စံ (၂၇) နှစ် မောင်းနှင်လာသည့် ယာဉ်အမှတ် 9C-***** တိုယိုတာ အမျိုးအစား ကားသည် ဧပြီလ ၁၃ ရက်နေ့ နံနက် ၆ နာရီ အချိန်က ကားပေါ်တွင် ပါလာသူများကို ကိုယ်အပူချိန် စစ်ရန် အတွက် ပြုလုပ်နေသည့် တမူးမြို့အဝင် ၄ မိုင်ဂိတ်တွင် အစစ်မခံဘဲ ကားမောင်းထွက်ပြေးခဲ့ခြင်းဖြစ်သည်။ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် တမူးမြို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုက်လံ စုံစမ်းရာမှ ယာဉ်မောင်းကို စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ဧပြီလ ၁၃ ရက်နေ့ ညနေပိုင်းတွင် တမူးမြို့မရဲစခန်း တွင် တမူးမြို့ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တရာလို ပြုလုပ် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

“တရာခံ ကိုလည်း ဖမ်းမိတယ်။ဒါပေမယ့် အမှုက အာမခံပေးလို့ရတဲ့ အမှုဖြစ်နေတော့ အာမခံပေးထားတယ်။ ရုံးဖွင့်ရက် ကျရင်တော့ မြို့နယ်တရားရုံးမှာ တရားစွဲသွားမယ်”ဟု တမူးမြို့မရဲစခန်း မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တမူးမြို့မရဲစခန်း တွင် ရဲအရေးပိုင် အမှု အမှတ်စဉ် ၅၇/၂၀၂၀ မော်တော်ယာဉ်ဥပဒေပုဒ်မ ၅၈/၅၁(က)ဖြင့် အမှုဖွင့် အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်း တမူးမြို့သည် မြန်မာ-အိန္ဒိယ နယ်စပ် တွင် တည်ရှိသည့်မြို့ဖြစ်ပြီး ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် မြို့ဝင်မြို့ထွက် နေရာအားလုံးတွင် လာရောက်သူများကို ကိုယ်အပူချိန် တိုင်းတာခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။

ငြိမ်းသူမင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။