Trending Now

ဒုတိယအႀကိမ္​​ ေက်ာက္​မ်က္​ရတနာျပပြဲ၌ အ​ေခ်ာထည္​ဘက္​တြင္​ အခမဲ့ဝင္​​ေရာက္​ေလ့လာ၀ယ္ယူႏိုင္မည္

Spread the love

ဒုတိယအႀကိမ္​​ ေက်ာက္မ်က္ရတနာျပပြဲ၌ အေခ်ာထည္ဘက္တြင္အခမဲ့ဝင္​​ေရာက္ေလ့လာ၀ယ္ယူႏိုင္မည္

EPN
ျမစ္ႀကီးနား၊ေမ ၁၃

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ စက္မႈဇုန္ရပ္ကြက္ ေက်ာက္မ်က္ဝင္းအတြင္း၌ က်င္းပျပဳလုပ္မည့္ ဒုတိယအႀကိမ္ေက်ာက္မ်က္ရတနာျပပြဲတြင္ ပထမအၾကိမ္က်ာက္မ်က္ရတနာျပပြဲ​​​နွင့္ မတူဘဲ အေခ်ာထည္ဘက္သို႕ အခမဲ့ဝင္​​ေရာက္ေလ့လာဝယ္ယူႏိုင္မည္ျဖစ္​​ေၾကာင္း ျမစ္ႀကီးနားၿမိဳ႕ေက်ာက္မ်က္လုပ္ငန္းရွင္မ်ားအသင္းမွ သိရသည္

အဆိုပါ ေက်ာက္မ်က္ရတနာျပပြဲကို ေမလ ၁၄ရက္မွ ၁၈ရက္ေန႔အထိ ၅တိုင္က်င္းပသြားမည္ျဖစ္ၿပီး ပထမအႀကိမ္​​ေက်ာက္မ်က္ရတနာျပပြဲ၌ အေခ်ာထည္ႏွင့္ အ႐ိုင္းတံုး ဘက္တြင္ဝင္​​ေၾကးေငြက်ပ္(၃၀၀၀၀)ေပးေဆာင္ရၿပီး ယခုႏွစ္တြင္အ႐ိုင္းတံုးဘက္၌သာ ဝင္​​ေၾကးေပးေဆာင္ရမည္ျဖစ္​​ေၾကာင္း ျမစ္ႀကီးနားၿမိဳ႕ ေက်ာက္မ်က္လုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးေဇလြမ္းက ေျပာသည္။

”အေခ်ာထည္ဘက္ကိုေတာ့အခမဲ့ အ႐ိုင္းတံုးဘက္ကိုေတာ့ကဒ္နဲ႔ဝင္ရမယ္မနွစ္​​ကေတာ့ အဝင္ဝကေနစစ္တယ္ဒီႏွစ္​​ေတာ့ အ့ဲလိုမဟုတ္​​ေတာ့ဘူး အ႐ိုင္းတံုးထားတဲ့ ဧရိယာဘက္ကိုဘဲ ဝင္​​ေၾကး သံုးေသာင္ေကာက္မယ္”ဟု ဦးေဇလြမ္းက ေျပာသည္။

အဆိုပါေက်ာက္မ်က္ရတနာျပပြဲျဖစ္ေျမာက္ႏိုင္ေရးအတြက္ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕မွ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ဦးဒါရွီလဆိုင္းက ဦးစီးေကာ္မတီဥကၠ႒ အျဖစ္လည္းေကာင္း၊ ကခ်င္ျပည္နယ္အတြင္းရိွ ေက်ာက္မ်က္လုပ္ငန္းရွင္မ်ားမွ ဥကၠ႒မ်ားႏွင့္ ဆပ္ ေကာ္မတီ ၁၇ ခုတို႔ျဖင့္ ပူးေပါင္း ဖြဲ႔စည္းထားေၾကာင္း ဦးေဇလြမ္းက ေျပာသည္။

ကခ်င္ျပည္နယ္၏ ပထမ အႀကိမ္ေျမာက္ ျမန္မာ့ေက်ာက္ မ်က္ရတနာျပပြဲကို ၂ဝ၁၈ခုႏွစ္ မတ္လတြင္ က်င္ပခဲ့ျပီး ျမန္မာက်ပ္ေငြသန္း (၁၀၀၀)ေက်ာ္ ေရာင္းခ်နိုင္ခဲ့ေၾကာင္းသိရသည္။

လြမ္းေအာင္
—————————————————

ဒုတိယအကြိမ် ကျောက်မျက်ရတနာပြပွဲ၌ အချောထည်ဘက်တွင် အခမဲ့ဝင်ရောက်လေ့လာဝယ်ယူနိုင်မည်

EPN

မြစ်ကြီးနား၊ မေ ၁၃

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စက်မှုဇုန်ရပ်ကွက် ကျောက်မျက်ဝင်းအတွင်း၌ ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ်ကျောက်မျက်ရတနာပြပွဲတွင် ပထမအကြိမ်ကျောက်မျက်ရတနာပြပွဲနှင့် မတူဘဲ အချောထည်ဘက်သို့ အခမဲ့ဝင်ရောက်လေ့လာဝယ်ယူနိုင်မည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

အဆိုပါ ကျောက်မျက်ရတနာပြပွဲကို မေလ ၁၄ရက်မှ ၁၈ရက်နေ့အထိ ၅တိုင်ကျင်းပသွားမည်ဖြစ်ပြီး ပထမအကြိမ်ကျောက်မျက်ရတနာပြပွဲ၌ အချောထည်နှင့် အရိုင်းတုံး ဘက်တွင် ဝင်ကြေးငွေကျပ် (၃၀၀၀၀)ပေးဆောင်ရပြီး ယခုနှစ်တွင် အရိုင်းတုံးဘက်၌သာ ဝင်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဇေလွမ်းက ပြောသည်။

”အချောထည်ဘက်ကိုတော့အခမဲ့ အရိုင်းတုံးဘက်ကိုတော့ကဒ်နဲ့ဝင်ရမယ် မနှစ်ကတော့ အဝင်ဝကနေစစ်တယ်၊ ဒီနှစ်တော့ အဲ့လိုမဟုတ်တော့ဘူး အရိုင်းတုံးထားတဲ့ ဧရိယာဘက်ကိုဘဲ ဝင်ကြေး သုံးသောင်းကောက်မယ် ”ဟု ဦးဇေလွမ်းက ပြောသည်။

အဆိုပါကျောက်မျက်ရတနာပြပွဲဖြစ်မြောက်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ဦးစီးကော်မတီဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ကချင်ပြည်နယ်အတွင်းရှိ ကျောက်မျက်လုပ်ငန်းရှင်များမှ ဥက္ကဋ္ဌများနှင့် ဆပ် ကော်မတီ ၁၇ ခုတို့ဖြင့် ပူးပေါင်း ဖွဲ့စည်းထားကြောင်း ဦးဇေလွမ်းက ပြောသည်။

ကချင်ပြည်နယ်၏ ပထမ အကြိမ်မြောက် မြန်မာ့ကျောက် မျက်ရတနာပြပွဲကို ၂ဝ၁၈ခုနှစ် မတ်လတွင် ကျင်ပခဲ့ပြီး မြန်မာကျပ်ငွေသန်း (၁၀၀၀)ကျော် ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။