Trending Now


Spread the love


EPN 
မိုးညှင်း၊ စက်တင်ဘာ ၁၉
မိုးညှင်းခရိုင်အတွင်း၌ မိုးညှင်းမြို့နယ် ဖါးကန့် မြို့နယ် မိုးကောင်းမြို့နယ်တို့ ပါဝင်ပြီး တစ်မြို့နယ်ချင်း အလိုက် ခန့်အပ်ထားသည့် တိုင်းရင်းသား စာပေဘာသာစကားသင် နေ့စားလပေး ဆရာ/မများအနေဖြင့် မိုးညှင်းမြို့နယ်တွင် တိုင်းလိုင်(၇၄)ဦး၊ ဂျိန်းဖော(၉) ဦးနှင့် တိုင်းလုံ(၆)ဦး၊ မိုးကောင်းမြို့နယ်တွင် တိုင်း လိုင်(၅၈)ဦး၊ ဂျိန်းဖော(၂၄)ဦး၊ တိုင်းလုံ(၅)ဦး၊ တိုင်းလေ(၂)ဦး၊ ဖားကန့်မြို့နယ်တွင် ဂျိန်းဖာ (၃၀)ဦး၊ ဇိုင်ဝါး(၄)ဦး၊ လော်ဝေါ် (၁)ဦး၊ လာချိဒ် (၁)ဦး၊ လီဆူး(၁)ဦး၊ ရဝမ်(၅)ဦး၊ တိုင်းလိုင်(၃)ဦး၊ တိုင်းလုံ(၁)ဦး တို့ ကို ခန့်အပ်သင်ကြားစေမည် ဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသား ဘာသာစာပေသီးသန့် LT (Language Teacher)သင်ကြားရန်မိုးကောင်း မြို့နယ်တွင် ဂျိန်းဖော(၄)ဦး၊ တိုင်းလုံ(၁)ဦးနှင့် ဖားကန့်မြို့နယ်တွင် ဂျိန်းဖော(၁၀)ဦးတို့ အားခန့်အပ် ထားကြောင်း သိရသည်။
ထိုသို့ တိုင်းရင်းသားဘာသာ စာပေသင်ကြား မှုနှင့်ပတ်သက်၍ “အခြေခံပညာကျောင်းတွေရဲ့ စာသင်ချိန်တွေထဲမှာ (၁)ချိန်ထည့်သွင်း သင်ကြား စေမှာဖြစ်ပါတယ်၊ ဘယ်အချိန်လို့ တော့သတ်မှတ်ထားခြင်း မရှိသေးပါဘူး၊ သက်ဆိုင်ရာကျောင်း အုပ်တွေရဲ့ စီမံမှုနဲ့သင်ကြားစေမှာပါ”ဟု မြို့နယ် ပညာရေးမှူးဦးခိုင်ဝေမှ ပြောသည်။
မင်္ဂလာဦး
=============================================

မိုးညှင်းခရိုင်အတွင်း တိုင်းရင်းသားဘာသာစာပေ သင်ကြားမည့် ပညာရေး ဝန်ထမ်း နှစ်ရာကျော် ခန့်အပ်မည်

EPN 

မိုးညှင်း၊ စက်တင်ဘာ ၁၉

ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ၌ (၂၀၁၉ /၂၀၂၀) ပညာသင်နှစ်တွင် တိုင်းရင်းသား  ဘာသာစာပေနှင့် ကျောင်းသင်ဘာသာရပ်များ သင်ကြားရာတွင် အထောက်အကူပြု TA (Teaching Assistant) နေ့စား ၂၂၄ ဦး နှင့် တိုင်းရင်းသား ဘာသာစာပေ သီးသန့်သင်ကြားရန် LT(Language Teacher) ၁၅ ဦး တို့အား စက်တင်ဘာလမှ စတင်၍ ခန့်အပ် တာဝန်ပေး သင်ကြားသွားမည် ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန သိရသည်။

မိုးညှင်းခရိုင်အတွင်း၌ မိုးညှင်းမြိ့ုနယ် ဖါးကန့်မြို့နယ် မိုးကောင်းမြိ့ုနယ်တို့ပါဝင်ပြီး တစ်မြိ့ုနယ်ချင်း အလိုက် ခန့်အပ်ထားသည့် တိုင်းရင်းသား စာပေဘာသာစကားသင် နေ့စားလပေး ဆရာ/မများအနေဖြင့် မိုးညှင်းမြိ့ုနယ်တွင် တိုင်းလိုင်(၇၄)ဦး၊ ဂျိန်းဖော(၉) ဦးနှင့် တိုင်းလုံ(၆)ဦး၊ မိုးကောင်းမြို့နယ်တွင် တိုင်း လိုင်(၅၈)ဦး၊ ဂျိန်းဖော(၂၄)ဦး၊ တိုင်းလုံ(၅)ဦး၊ တိုင်းလေ(၂)ဦး၊ ဖားကန့်မြိ့ုနယ်တွင် ဂျိန်းဖာ (၃၀)ဦး၊ ဇိုင်ဝါး(၄)ဦး၊ လော်ဝေါ် (၁)ဦး၊ လာချိဒ် (၁)ဦး၊ လီဆူး(၁)ဦး၊ ရဝမ်(၅)ဦး၊ တိုင်းလိုင်(၃)ဦး၊ တိုင်းလုံ(၁)ဦး တို့ကို ခန့်အပ်သင်ကြားစေမည် ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသား ဘာသာစာပေသီးသန့် LT (Language Teacher)သင်ကြားရန်မိုးကောင်း မြိ့ုနယ်တွင် ဂျိန်းဖော(၄)ဦး၊ တိုင်းလုံ(၁)ဦးနှင့် ဖားကန့်မြိ့ုနယ်တွင် ဂျိန်းဖော(၁၀)ဦးတို့အားခန့်အပ် ထားကြောင်း သိရသည်။

ထိုသို့တိုင်းရင်းသားဘာသာ စာပေသင်ကြား မှုနှင့်ပတ်သက်၍ “အခြေခံပညာကျောင်းတွေရဲ့ စာသင်ချိန်တွေထဲမှာ (၁)ချိန်ထည့်သွင်း သင်ကြား စေမှာဖြစ်ပါတယ်၊ ဘယ်အချိန်လို့တော့သတ်မှတ်ထားခြင်း မရှိသေးပါဘူး၊ သက်ဆိုင်ရာကျောင်း အုပ်တွေရဲ့ စီမံမှုနဲ့သင်ကြားစေမှာပါ”ဟု မြိ့ုနယ် ပညာရေးမှူးဦးခိုင်ဝေမှ ပြောသည်။

ထိုသို့တိုင်းရင်းသားဘာသာစာပေသင်ကြား ပေးကြမည့် TA (Teaching AsSistant) နေ့စားများအနေဖြင့် တိုင်းရင်းသား ဘာသာစာပေသင် ကြားမှုအပြင် လိုအပ်ပါက ကျောင်းသင်ဘာသာ ရပ်များကိုလည်း သင်ကြားပေးရမည်ဖြစ်ပြီး၊ LT (Langu age Teacher)များအနေဖြင့်တစ်ရက် လျှင်စာသင်ချိန် (၁)ချိန်သာလျင် မိမိတို့တိုင်းရင်းသားဘာသာစာပေသီးသန့်သာ သင်ကြားပေးရမည်ဖြစ်ကာ ထောက်ပံ့ကြေးအနေဖြင့် တစ်လ လျင်(၃၀ဝဝဝိ/) ကျပ်ရရှိမည်ဖြစ်ပြီး အခြေခံပညာမူလတန်းဆင့်တွင် GRADE (1၊ 2၊ 3 )မှ စ၍ တိုင်းရင်းသား ဘာသာ စာပေ သင်ကြားသွားမည် ဖြစ်ကြောင်းသိရသည်

မင်္ဂလာဦး
 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။