Trending Now

ဂျိုးဘိုင်ဒင်ရဲ့ ဇနီးကိုလှောင်ပြောင်ခဲ့တဲ့ အငြိမ်းစားဗိုလ်ကြီး တာဝန်မှရပ်ဆိုင်းခံရ

Spread the love

ဂျိုးဘိုင်ဒင်ရဲ့ ဇနီးကိုလှောင်ပြောင်ခဲ့တဲ့ အငြိမ်းစားဗိုလ်ကြီး တာဝန်မှရပ်ဆိုင်းခံရ
EPN
နိုင်ငံတကာ၊ ဇူလှိုင် ၁၁
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ဇနီး ဂျေးဘိုင်ဒင်ကို လှောင်ပြောင်ခဲ့တဲ့ အငြိမ်းစား သုံးပွင့် ဗိုလ်ချုပ်ကြီး ဂျေး ဗိုလိုဇကီ ကိုလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အကြံပေးအရာရှိအဖြစ်ကနေ ရပ်ဆိုင်းလိုက်တယ်လို့ အေပီ သတင်းဌာနက ဖော်ပြထားပါတယ်။
သမ္မတကတော်ရဲ့ ကိုယ်ဝန်ဖျက်ချခွင့်ဆိုင်ရာ ထောက်ခံအားပေးမှုကို အဲဒီဗိုလ်ကြီးက တွစ်တာ ပို့စ်တစ်ခုမှာ ကဲ့ရဲ့ရှုတ်ချခဲ့တာကြောင့် အမေရိကန်စစ်တပ်ကနေ ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ အမည်မဖော်လိုသူ စစ်တပ်အရာရှိတစ်ဦးကပြောပါတယ်။
အမေရိကန် စစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ အငြိမ်းစားဗိုလ်ချုပ်ကြီး ဂျေး ဗိုလိုဇကီ ကို ထိပ်တန်းအကြံပေး ရာထူးကနေ ရပ်ဆိုင်းလိုက်ကြောင်း ဖော်ပြခဲ့ပေမယ့် သူ့ကို ရာထူးက ရပ်ဆိုင်းလိုက်ရတဲ့ အကြောင်းရင်းကိုတော့ ထုတ်ဖော်ပြခဲ့ခြင်းမရှိပါဘူး။
ဗိုလိုဇကီ ဟာ အီရတ်မှာ တာဝန်ထမ်းဆောင်စဉ်အတွင်း စစ်တပ် ရဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆုများထဲ က တစ်ခုဖြစ်တဲ့ Silver Star ကို ရရှိခဲ့တဲ့ ကြယ်သုံးပွင့် ဗိုလ်ချုပ်တစ်ဦးဖြစ်သလို ပင်လယ်ကွေ့စစ်ပွဲနဲ့ အာဖဂန်စစ်ပွဲတွေမှာလည်း တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။
ဒါ့အပြင် သူဟာ အမေရိကန်စစ်တပ်ရဲ့ ထိပ်တန်းတပ်တွေထဲက တစ်ခုဖြစ်တဲ့ I Corps ကို အမိန့်ပေးခဲ့သလို 101st Airborne တပ်မမှူးလည်းဖြစ်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။
သူဟာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ အမေရိကန် စစ်တပ်ရဲ့ ပြည်သူ့ရေးရာဌာန အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ တပ်မတော်က အငြိမ်းစားယူခဲ့တာဖြစ်ပါတယ်။
Source – AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။