Trending Now

အငြင်းပွားကျွန်းရှိ ဖိလစ်ပိုင် ပိုင်နက်ကနေ ပြန်ဆုတ်ခွာဖို့ တရုတ်ကို ဖိလစ်ပိုင် သမ္မတ သတိပေး

Spread the love

အငြင်းပွားကျွန်းရှိဖိလစ်ပိုင်ပိုင်နက်ကနေပြန်ဆုတ်ခွာဖို့တရုတ်ကိုဖိလစ်ပိုင်သမ္မတသတိပေး
 
EPN
နိုင်ငံတကာ၊ မတ် ၇
အငြင်းပွားမှုတွေရှိနေတဲ့တောင်တရုတ်ပင်လယ်ကျွန်းတွေကနေပြန်ဆုတ်ခွာဖို့တရုတ်နိုင်ငံကိုဖိလစ်ပိုင်သမ္မတဒူတာတေးကသတိပေးလိုက်ကြောင်းသိရပါတယ်။
 
တောင်တရုတ်ပင်လယ်ရေပိုင်နက်ပိုင်ဆိုင်မှုအငြင်းပွားမှုတွေရှိနေချိန်မှာတရုတ်နိုင်ငံကရှေ့ဆက်တိုးမယ်ဆိုရင်စစ်ရေးဆောင်ရွက်ချက်တွေ တင်းမာမှုတွေ ရှိလာနိုင်တယ်လို့ဖိလစ်ပိုင်သမ္မတဒူတာတေးကဆိုပါတယ်။
 
တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့တွေနဲ့ငါးဖမ်းသင်္ဘောတွေဟာ တောင်တရုတ်ပင်လယ်အတွင်းရှိဖိလစ်ပိုင်နိုင်ငံကထိန်းချုပ်ထားတဲ့တီတုကျွန်းနားကိုအုပ်စုလိုက်ဆိုက်ကပ်ဖို့ကြိုးပမ်းခဲ့တယ်လို့ဖိလစ်ပိုင်သမ္မတက ပြောပါတယ်။ တီတုကျွန်းမှာ ဖိလစ်ပိုင်စစ်သားတွေရှိနေတာကြောင့်တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောတွေနဲ့ငါးဖမ်သမားတွေကျွန်းနားကိုရောက်ရှိလာမယ်ဆိုရင်စစ်ရေးဆောာင်ရွက်ချက်တွေရှိလာနိုင်တယ်လို့ဖိလစ်ပိုင်သမ္မတကပြောပါတယ်။
 
တရုတ်နဲ့စစ်ဖြစ်တာက ဖိလစ်ပိုင်နိုင်ငံအတွင်အကျိူးသက်ရောက်မှုကောင်းမွန်မှာမဟုတ်ဘဲဆုံးရှုံးမှုတွေရှိလာနိုင်တယ်လို့ဖိလစ်ပိုင်သမ္မတကပြောထားပါတယ်။တရုတ်သင်္ဘောတွေဟာ ဖိလစ်ပိုင် အချုပ်ခြာပိုင်နက်ထဲကိုတရားမဝင်ဝင်ရောက်နေကြောင်းဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပြီးနောက်ဖိလစ်ပိုင်သမ္မတက ဒီလိုမျိုးပြောခဲ့တာလည်းဖြစ်ပါတယ်
———————————————-

EPN




 

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။