Trending Now

ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသူ (၂၄) ဦး ရှိ

Spread the love

ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသူ (၂၄) ဦး ရှိ

EPN
ဖားကန့်၊ ဇွန် ၁၂

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် ယနေ့ ဇွန်လ (၁၂)ရက်နေ့အထိ ကိုယ်စားလှယ်လောင်း အမည် စာရင်းပေးသွင်းသူ (၂၄)ဦး ရှိနေပြီ ဖြစ်ကြောင်း၊ ဖားကန့်မြို့နယ် သတင်းနှင့် ပြန်ကြားရေး​ကော်မတီ (NLD)ထံမှ သိရသည်။

ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရသူများ အနေဖြင့် အောက်ခြေ မလွတ်စေရန်နှင့် ပါတီကို လေးစားရန်၊ ပါတီနှင့် ချိတ်ဆက် ဆောင်ရွက်ရန်၊ ပြည်သူနှင့် အနီးကပ်ထိတွေ့ ကြဖို့ လိုအပ်ကြောင်း မြို့နယ် အလုပ်အမှုဆောင် ဥက္ကဌ ဦးသိန်းဟန်က ဆိုသည်။

ထို့ပြင် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရသူများအား NLD ဗဟိုမှလည်း သင်တန်းများခေါ်ယူပေးမည်ဖြစ်ပြီး၊ ကိုယ်စားလှယ်လောင်း အဖြစ် အရွေးချယ် မခံရသူများ အနေဖြင့်လည်း အားမငယ်ဘဲ၊ ပါတီမှ ပေးအပ်သည့် တာဝန်များအား ကျေပွန်စွာ ထမ်းဆောင်သွားရန် ၎င်းမှ တိုက်တွန်း ပြောကြားသည်။

ဖားကန့်မြို့နယ်အတွင်း NLD ပါတီကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံနိုင်ရန်အတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်း ပေးသွင်းထားသူ တစ်ဦး ဖြစ်သည့် မရှီကထောင် ရပ်ကွက်နေ ဦးမင်းမင်းစိုးက သူ၏ ရည်းမှန်းချက်ကို ယခုကဲ့သို့ ပြောပြသည်။

“မြန်မာနိုင်ငံငြိမ်းချမ်းဖို့နဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ တတ်စွမ်းသရွေ့ ဆောင်ရွက်ပေးနိုင်ဖို့၊ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော် ဖြစ်လာဖို့ တိုင်းရင်းသား ညီအစ်ကိုများနဲ့ အတူတကွ ကြိုးစားပေးချင်တဲ့ စိတ်ဆန္ဒနဲ့ အခုလို ကိုယ်စားလှယ်လောင်း အမည်စာရင်း ပေးသွင်းခဲ့တာ ဖြစ်ပါတယ်” ဟု ဦးမင်းမင်းစိုးက ဆိုသည်။

ယခုကဲ့သို့ ကိုယ်စားလှယ်လောင်းများအား ရွေးချယ်ရာတွင် အဖက်ဖက်မှ တွက်ချက်လေ့လာ တိုင်ပင်နှီးနှော၍ ဘက်မလိုက်ပဲ၊ ဖြစ်သင့်ဖြစ်ထိုက်သူများအား ဖားကန့်မြို့နယ်အတွက် ရွေးချယ် ပေးသွားမည်ဖြစ်ကြောင်း ရွေးချယ်ရေး အဖွဲ့ဝင် မြို့မိ၊ မြို့ဖ ဦးသိန်းဝင်းက ဆိုသည်။

၂၀၂၀ အထွေထေ ွရွေးကောက်ပွဲတွင် ဖားကန့်မြို့နယ်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စား လှယ်(၁)ဦး နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၂)ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် (၄)ဦး ရွေးချယ်မည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

သတင်း – နောင်ရိုး
ကိုးကား – ဒီချုပ်ပါတီ(ဖားကန့်) သတင်းနှင့်ပြန်ကြားရေး​ကော်မတီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။