Trending Now

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်မှ စိုက်နည်းစနစ်မျိုးစုံ စိုက်ပျိုးခြင်းသရုပ်ပြပွဲသို့ တက်ရောက်

Spread the love

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်မှ စိုက်နည်းစနစ်မျိုးစုံ စိုက်ပျိုးခြင်းသရုပ်ပြပွဲသို့ တက်ရောက်

EPN
မင်းဘူး၊ မတ် ၅ (၂၀၂၄)

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်မှ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ရွာခိုင်ကျေးရွာတွင် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် စိုက်နည်းစနစ်မျိုးစုံ စိုက်ပျိုးခြင်းသရုပ်ပြပွဲသို့ မတ်လ ၅ ရက်နေ့၊ နံနက် ၈ နာရီက တက်ရောက်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် အစိုးရ
အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ရွာခိုင်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး၊ စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် စိုက်နည်းစနစ်မျိုးစုံ စိုက်ပျိုးခြင်းသရုပ်ပြပွဲတို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ယင်း သရုပ်ပြပွဲတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့ကာ စပါးအထွက်တိုးရေး၊ ပန်းတိုင်အထွက်တိုး ရရှိရေးအတွက် စိုက်စနစ်မှန်ကန်ရေး၊ ဝင်ဆံ့အပင်ရေ အပြည့်အဝ စိုက်ပျိုးကြရန် မှာကြားခဲ့သည်။

ယင်းနောက် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှု၊ အစေ့ချ ကိရိယာဖြင့်စိုက်ပျိုးနေမှုနှင့် လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဇက်ကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။