Trending Now

အသံထက်မြန်တဲ့ ဒုံးကျည်သစ်အတွက် အင်ဂျင်ကို အောင်အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယားဆို

Spread the love

အသံထက်မြန်တဲ့ ဒုံးကျည်သစ်အတွက် အင်ဂျင်ကို အောင်အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယားဆို

EPN
နိုင်ငံတကာ၊ မတ်၂၁

အသံထက်မြန်တဲ့ တာလတ်ပစ် ဒုံးကျည်အမျိုးအစားသစ်အတွက် လောင်စာခဲသုံးအင်ဂျင်စမ်းသပ်မှု အောင်မြင်ခဲ့တယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။

အင်္ဂါနေ့မှာ နိုင်ငံ့အနောက်မြောက်ပိုင်းမှာရှိတဲ့ Sohae ဂြိုလ်တုလွှတ်တင်ရေးစခန်းမှာ ပြုလုပ်တဲ့ စမ်းသပ်မှုကို ခေါင်းဆောင် ကင်ဂျုံအွန်း တက်ရောက်ခဲ့တယ်လို့ နိုင်ငံ့အာဏာရအလုပ်သမားပါတီရဲ့ ရိုဒေါင်ရှင်းမွန်း သတင်းစာက ဗုဒ္ဓဟူးနေ့မှာ ဖော်ပြခဲ့ပါတယ်။

ဓာတ်ပုံတွေထဲမှာ အင်ဂျင်ရဲ့ နော်ဇယ်ပိုက်ကနေ ကြီးမားတဲ့မီးခိုးဖြူလုံးကြီးတစ်ခုနဲ့အတူ မီးတောက်တွေထွက်နေတာကို တွေ့ရပြီး အဲဒါတွေဟာ လောင်စာရည်ထက် ဒုံးကျည်ပစ်လွှတ်မှုကို ပိုမိုလျင်မြန်စေတဲ့ လောင်စာခဲသုံးအင်ဂျင်ရဲ့ ပုံမှန်လက္ခဏာရပ်တွေ ဖြစ်ပါတယ်။

လက်နက်စနစ်ရဲ့ စစ်ရေးဗျူဟာတန်ဖိုးဟာ ICBM လိုမျိုး အရေးကြီးပြီး ဒါကို ရန်သူတွေက ကောင်းကောင်းသိထားတယ်လို့ မစ္စတာ ကင်ဂျုံအွန်းက ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ မနှစ်က နိုဝင်ဘာလမှာ တာလတ်ပစ်အမျိုးအစား ပဲ့ထိန်းဒုံးကျည်အသစ်အတွက် လောင်စာခဲသုံးအင်ဂျင်ရဲ့ မြေပြင်စမ်းသပ်မှုကို ပြုလုပ်ခဲ့ပြီး နှစ်လအကြာမှာ အဲဒီဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။

လတ်တလောတိုးတက်မှုတွေကြောင့် တခြားနိုင်ငံတွေရဲ့ စိုးရိမ်ပူပန်မှုတွေ တိုးလာနေပါတယ်။

Ref;NHK


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။