Trending Now

တူရကီနိုင်ငံမှာ ပြင်းအား ၅ ဒသမ ၉ အဆင့်ရှိတဲ့ ငလျင်လုပ်ခတ်လို့ လူ ၅၀ နီးပါးဒဏ်ရရ

Spread the love

တူရကီနိုင်ငံမှာ ပြင်းအား ၅ ဒသမ ၉ အဆင့်ရှိတဲ့ ငလျင်လုပ်ခတ်လို့ လူ ၅၀ နီးပါးဒဏ်ရရ

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၃

တူရကီနိုင်ငံအနောက်မြောက်ပိုင်း အစ္စတန်ဘူလ်မြို့မှာ ဒီနေ့ မနက်အစောပိုင်းက ပြင်းအား ၅ ဒသမ ၉ အဆင့်ရှိတဲ့ ငလျင်တစ်ခုလုပ်ခဲ့လို့ လူပေါင်း ၅၀ နီးပါးဒဏ်ရာရရှိခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။

ဒဏ်ရရရှိသူအများစုဟာ ငလျင်လုပ်ခတ်မှုကြောင့် ထိတ်လန့်ပြီး နေအိမ်တွေက ထွက်ပြေးဖို့ကြိုးစားရာက ဒဏ်ရရှိခဲ့တာလို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာအေဂျင်စီနဲ့ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ။်

ငလျင်ဟာ ဒီနေ့မနက် ၄ နာရီခန့်က အစ္စတန်ဘူလ် အရှေ့ဘက် ကီလိုမီတာ ၂၀၀ (၁၂၅ မိုင်) အကွာမှာရှိတဲ့ ဂေါ်လီယာဂါ မြို့ကို ဗဟိုပြုလုပ်ခတ်ခဲ့တာဖြစ်ပြီး နောက်ဆက်တွဲ ငလျင်ဒါဇင်ပေါင်းများစွာ လုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ငလျင်ကြောင့် အစ္စတန်ဘူလ်မြို့အပါအဝင် ဒုဇ်ချေပြည်နယ်အတွင်းမှာ ရှိတဲ့ အဆောက်အဦးတစ်ချို့ ပျက်စီးခဲ့ပေမယ့် သေဆုံးသူဦးရေနဲ့ ပျက်စီးမှုကြီးကြီးမားမားတော့ မရှိဘူးလို့ ဆိုပါတယ်။

တူရကီနိုင်ငံဟာ ပြတ်ရွေ့ကြောတွေကြောင့် ငလျင်ဒဏ်ကို ခံစားရလေ့ရှိပြီး ၁၉၉၉ ခုနှစ်ကလည်း နိုင်ငံ အနောက်မြောက်ပိုင်းမှာ အင်အားကြီးငလျင်နှစ်ခု လုပ်ခတ်လို့ လူပေါင်း ၁၈၀၀၀ သေဆုံးခဲ့သလို ၂၀၂၀ ခုနှစ်ကလည်း ငလျင်တစ်ခုကြောင့် လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ပါတယ်။

— ကိုးကား —
ရိုက်တာ
Ref; Earthquake shakes northwest Turkey, 50 people injured


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။