Trending Now

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံသို့ တတိယအကြိမ် သွားရောက်မည်

Spread the love

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံသို့ တတိယအကြိမ် သွားရောက်မည်
EPN
နေပြည်တော်၊ စက်တင်ဘာ ၃
ရုရှားနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ ရုရှားနိုင်ငံတွင် ရက်ပိုင်းအတွင်း သွားရောက်ဖွယ်ရှိကြောင်း န.စ.က အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ယခုတစ်ကြိမ်သွားရောက်မှုမှာ ရုရှားနိုင်ငံတွင် စက်တင်ဘာ ၅ ရက်မှ ၈ ရက်နေ့အထိ ကျင်းပမည့် ၇ ကြိမ်မြောက် အရှေ့ဖျား စီးပွားရေး ဖိုရမ် (EEF) တက်ရောက်ရန်အတွက် အတွက်ဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ ခရီးစဉ်အတွင်း ရုရှားအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ရုရှား- မြန်မာ ၂ နိုင်ငံ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးသွားမှာဖြစ်ကြောင်း ဖော်ပြထားသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ရုရှား နိုင်ငံသို့ ယခုတစ်ကြိမ်သွားရောက်မှုမှာ တတိယအကြိမ်မြောက် သွားရောက်မည့် ခရီးစဉ်ဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ပြီးခဲ့သည့်၂၀၂၁ ခုနှစ် ဇွန်လက ရုရှားနိုင်ငံတွင်ကျင်းပခဲ့သည့် နိုင်ငံတကာလုံခြုံရေး ညီလာခံသို့ တက်ရောက်ခဲ့သလို ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ဒုတိယအကြိမ်အဖြစ် သွားရောက်လည်ပတ်ခဲ့ခြင်းဖြစ်သည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။