Trending Now

ဆားတောင်မြို့နယ် ထွေ / အုပ်ရုံး စာရေးကြီး ဖမ်းဆီးသတ်ဖြတ်ခံရ

Spread the love

ဆားတောင်မြို့နယ် ထွေ / အုပ်ရုံး စာရေးကြီး ဖမ်းဆီးသတ်ဖြတ်ခံရ

EPN
စစ်ကိုင်း ၊ နိုဝင်ဘာ ၂၁

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ဆာတောင်မြို့ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် တာဝန်ထမ်းဆောင်နေတဲ့ ရုံးစာရေးကြီးဖြစ်သူဟာ မနေ့ နိုဝင်ဘာ ၂၀ ရက်က အမည်မသိလက်နက်ကိုင်ထားသူတွေက ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ ဆားတောင်မြို့ခံတွေဆီက သိရပါတယ် ။

” ထွေ / အုပ်ရုံးစာရေးကြီး ဦးသန့်ဇင်ထွန်း ဆိုသူဟာ မနေ့က ညနေပိုင်း ၅ နာရီဝန်းကျင်မှာ သူ့မောင်းလာတဲ့ကားကို ရပ်ခိုင်းပြီး သူ့ကိုယ် အမည်မသိ လက်ကိုင်အဖွဲ့တွေက ဖမ်းဆီး ခေါ်ဆောင်သွားတာပါ ၊ ဒီမနက်သိရတာက သူ့ဟာ အသတ်ခံလိုက်ရတာဖြစ်တယ် ” လို့ ဆားတောင်မြို့ခံ တယောက်က ပြောပါတယ်။

အဲ့ဒီ လူသတ်မှုနဲ့ ပတ်သက်လို့ ဆားတောင်မြို့နယ် ထွေအုပ်ရုံးနဲ့ နီးစပ်သူ တယောက်က
” အသက် ၅၀ ဝန်းကျင်အရွယ် ဆရာ သန့်ဇင်ထွန်းက ကားမောင်းလာတဲ့အချိန် ရွာဝေးရပ်ကွက်ထဲက စက်သုံးဆီဆိုင်နားမှာ ကားကို ရပ်တန့်ခိုင်းပြီး သူ့ကိုယ် အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ် ၊ ဒီမနက်သိရတာက သူ့အလောင်းကို ပေါက်မကျေးရွာဘက်မှာ ပြန်တွေ့တာကြောင့် အမှုဖွင့် စုံစမ်းစစ်ဆေးနေတယ် ” လို့ ပြောပါတယ်။

ဆားတောင်မြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း ဆွမ်းခံကြွလာတဲ့ ဘုန်းကြီးကို ပစ်သတ်ပြီး ဆွမ်းခံရာမှာ အသုံးပြုတဲ့ ဟိုက်ဂျက်ကားတစ်စီး လုယူသွားတာဖြစ်ခဲ့ပါသေးတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။