Trending Now

အမျိုးသမီး တစ်ဦးထံက ဘိန်းဖြူ ဆပ်ပြာခွက် လေးဆယ်ကျော်

Spread the love

အမျိုးသမီး တစ်ဦးထံက ဘိန်းဖြူ ဆပ်ပြာခွက် လေးဆယ်ကျော်

ဖမ်းဆီးရမိ
EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၈ (၂၀၂၃)

မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက် ရင်ခွဲရုံလမ်းတွင် ယမန်နေ့က ဘိန်းဖြူ ဆပ်ပြာခွက် လေးဆယ်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးသတင်းများအရ မူးယစ်တပ်ဖွဲ့ဝင်များက မြစ်ကြီးနား ပြည်သူ့ဆေးရုံ၊ ရင်ကွဲရုံ ဘေးလမ်းတွင် အသင့်စောင့်ဆိုင်း၍ အမျိုးသမီးတစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယင်း မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

“မူးယစ်ဆေးဝါး သယ်ဆောင်လာမယ်ဆိုတဲ့ သတင်းအရ ဆေးရုံ ကြီးရဲ့ ရင်ကွဲရုံ လမ်းမှာ အသင့်စောင့်နေပြီး အမျိုးသမီးမောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးခဲ့ရာ ဆိုင်ကယ်ရဲ့ရှေ့ဂွကြားမှာ ညှပ်ပြီးသယ်ဆောင်လာတဲ့ ဘိန်းဖြူဆပ်ပြာခွက်တွေကို ဖမ်းဆီးရမိတာ ဖြစ်တယ် ” ဟု ၎င်းကပြောသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး များမှာ ၄၄ ခွက်၊ အလေးချိန် ၃၉၆ ဂရမ်ခန့်၊ ကာလတန်ဘိုး (၁၅၈) သိန်း ကျော်ရှိကြောင်း သိရသည်။

ယမန်နေ့ ညနေ၅ အချိန်က ယင်း မူးယစ်ဆေးများနှင့် အတူ ဖမ်းဆီးရမိခဲ့သူကို မြစ်ကြီးနားမြို့မ ရဲစခန်းမှ (ပ) ၁၅/၂၃ပုဒ်မ-၁၉ (က) အမူ့ဖွင့်လှစ်ခဲ့ပြီး ကွင်းဆက်တရားခံ များကို အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။