Trending Now

မြောက်ကိုရီးယားကို ဒဏ်ခတ်ပိတ်ဆို့ဖို့ အစီအစဉ် တရုတ်နဲ့ ရုရှား ဗီတိုအာဏာသုံးပယ်ချ

Spread the love

မြောက်ကိုရီးယားကို ဒဏ်ခတ်ပိတ်ဆို့ဖို့ အစီအစဉ် တရုတ်နဲ့ ရုရှား ဗီတိုအာဏာသုံးပယ်ချ

EPN

နိုင်ငံတကာ၊ မေ ၂၇

မြောက်ကိုရီးယားကို ဒဏ်ခတ်ပိတ်ဆို့မှုလုပ်ဖို့ အမေရိကန်က ကုလသမဂ္ဂကို အဆိုပြုထားတဲ့ အစီအစဉ်ကို တရုတ်နဲ့ ရုရှားတို့ ပူးပေါင်းပြီး ဗီတိုအာဏာသုံးပယ်ချလိုက်ပါတယ်။

မြောက်ကိုရီးယားဟာ အခုနှစ်အတွင်း တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်မှု ခြောက်ကြိမ်ပြုလုပ်ခဲ့တဲ့အတွက် ဒဏ်ခတ်အရေးယူဖို့ အမေရိကန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အဆိုပြုခဲ့တာကို တရုတ်နဲ့ ရုရှားတို့က ပူးပေါင်းပယ်ချခဲ့တာပါ။

ဒုံကျည်စမ်းသပ်မှုတွေအတွက် မြောက်ကိုရီးယားကို အရေးယူဖို့ ဒီနေ့ မဲခွဲဆုံးဖြတ်ခဲ့ရာမှာ ၁၃-၂ မဲဖြင့် မဲခွဲဆုံးဖြတ်ခဲ့ပေမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့က က ဗီတိုအာဏာကို အသုံးပြုခဲ့ပါတယ်။

ဒါဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ပထမဆုံး အကွဲအပြဲ ဖြစ်ခဲ့တာဖြစ်ပြီး ကုလသမဂ္ဂဟာ ၂၀၀၆ ခုနှစ်ကတည်းက မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်သုံးစင်း ပစ်လွှတ်ပြီးနောက် တစ်ရက်အကြာမှာ အဆိုပါ ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့တာဖြစ်ပြီး စမ်းသပ်ခဲ့တဲ့ ဒုံးကျည်တွေအထဲက တစ်ခုဟာ အကြီးမားဆုံး တိုက်ချင်းပစ်ဒုံးကျည်လို့ ယူဆရပါတယ်။

မြောက်ကိုရီးယားရဲ့ အကြီးမားဆုံး တိုက်ချင်းပစ်ဒုံးကျည်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အာရှခရီးစဉ်အပြီးမှာ ပစ်ခတ်စမ်းသပ်ခဲ့တာပါ။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး လင်ဒါ သောမတ်စ် က တရုတ်နဲ့ ရုရှားတို့ရဲ့ ဆုံးဖြတ်ချက်အပေါ် အလွန် စိတ်ပျက်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုဟာ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုများနဲ့ ဆိုးရွားတဲ့လူအခွင့်အရေးချိုးဖောက်မှုများအတွက် လျစ်လျူရှုနေမှာ မဟုတ်ဘူးလို့လည်း သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
Source – ရိုက်တာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။