Trending Now

အင်းတော်ကြီးကန်အတွင်း ငါးသားဥချိန် ငါးဖမ်းစက်လှေများဖြင့် ဖမ်းဆီးမူမြင့်တက်လာနေ

Spread the love

အင်းတော်ကြီးကန်အတွင်း ငါးသားဥချိန် ငါးဖမ်းစက်လှေများဖြင့် ဖမ်းဆီးမူမြင့်တက်လာနေ

EPN
အင်တော်ကြီး မေ၂၃

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးကန်အတွင်း ယခုအခါ ငါးသားဥချချိန်ဖြစ်သော်လည်း ငါးဖမ်းသည့်စက်လှေများဖြင့် ငါးဖမ်းဆီးမှု မြင့်တက်လာနေကြောင်း အင်းတော်ကြီးဒေသခံများထံမှ သိရသည်။

ငါးရစ်သန်းချိန်မိုးဦးကျ မေလမှစ၍ ဇူလိုင်လထိ ငါးလုပ်ငန်းဦးစီးဌာနက နှစ်စဉ်နှစ်တိုင်း ငါးဖမ်းဆီးခြင်းမပြုကြရန် စာထုတ်ပြီး ငါးဖမ်းခွင့်ပိတ်ပင်တားမြစ်ထားပြီး အင်းအတွင်းကင်းလှည့်ကာ ငါးဖမ်းသည့်စက်လှေများကို ဖမ်းဆီးအရေးယူတာတွေရှိခဲ့သော်လည်း ယခုနှစ်တွင် လာရောက် ဖမ်းဆီးခြင်းမရှိသည့်အတွက် ငါးဖမ်းစက်လှေများ ပေါများလာကြကြောင်း သိရသည်။

“ နိုင်ငံရေးအခြေအနေမကောင်းတော့ ဖမ်းဆီးတဲ့လူတွေက မလာကြဘူး။ ခါတိုင်းနှစ်တွေလာတယ် ငါးရစ်ငါးသန်အချိန်ဆိုရင် လာပိတ်တာတွေရှိတယ်။ ချောင်းတွေမြောင်းတွေမှာကအစ ပိတ်တယ်။ ငါးပျံ့ပွားနှုန်း ကောင်းအောင်လို့ဆိုပြီးတော့ ပိတ်တာ၊ အင်းထဲမှာ ငါးတွေဖမ်းရတာ ငါးတွေတော့ရှိပါသေးတယ်။ ပိုက်အကြီးတွေနဲ့ ဖမ်းတာမရလို့ ပိုက်စိတ်နဲ့ဖမ်းပြီး စားဝတ်နေရေးတွေဖြေရှင်းနေရတယ်” ဟုအင်းတော်ကြီးကန်အနီးရှိ လွဲမွန်ကျေးရွာမှ တံငါသည်တစ်ဦးက ပြောသည်။

အင်းတော်ကြီး အိုင်ထဲ၌ ယခုအချိန်တွင်ငါးဖမ်းသည့် စက်လှေ တစ်ရက် အနည်းဆုံး စက်လှေအစီးရေ နှစ်ရာခန့်ထိရှိပြီး အင်းကမ်းစပ်ကျေးရွာများဖြစ်သည့် လွဲမွန် ၊ ညောင်ပင် ၊ မမုန်ကိုင် ၊ လုံးစန့် ၊ ဟဲပု ၊ ဟဲပါး ၊ နမ့်မော်ကန် စသည့်ကျေးရွာများမှ တံငါသည်အများဆုံးဖမ်းကြကြောင်းသိရသည်။

ယင်းအပြင် အညာဒေသမှ လာရောက်အခြေချနေထိုင်သူတံငါသည်တချို့မှာ တားမြစ်ထားသောကျဉ်စက်များ အသုံးပြု၍ ဖမ်းဆီးနေသော်လည်းတားဆီးနိုင်ခြင်းမရှိကြောင်းကုန်းမနကျေးရွာသားတစ်ဦးထံက သိရသည်။

အင်းတောကြီးကန်နှင့် ဆက်စပ်ရေဝပ်ဧရိယာတွင် မှတ်တမ်းတင်ထားခြင်းမရှိသေးသည့် ငါးသားလဲထိုးမျိုးစိတ် လေးမျိုးနှင့် အင်းတော်ကြီးကန်ဒေသမျိုးရင်း ငါးမျိုးစိတ် နှစ်မျိုးဖြစ်သော မိချောင်းသွားကြားထိုးတံငါးနှင့် ရေနယားငါးနှစ်မျိုးတို့အပြင် ငါးမျိုးစိတ်ပေါင်း(၉၅)မျိုး ရှင်သန်လျက်ရှိသည်။

လိူင်ဘွား

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။