Trending Now

G-7 ထိပ်သီးဆွေးနွေးပွဲကို အိမ်ဖြူတော်မှာ ကျင်းပမယ်လို့ အမေရိကန် အကြီးတန်းအရာရှိပြော

Spread the love

G-7 ထိပ်သီးဆွေးနွေးပွဲကို အိမ်ဖြူတော်မှာ ကျင်းပမယ်လို့ အမေရိကန် အကြီးတန်းအရာရှိပြော

EPN
နိုင်ငံတကာ၊ မေ ၂၅

အမေရိကန်အစိုးရက ယခုနှစ် G-7 ထိပ်သီးအစည်းအဝေးကို အိမ်ဖြူတော်၌ကျင်းပရန် စီစဉ်နေသည်ဟု အိမ်ဖြူတော် အကြီးတန်း တာဝန်ရှိသူတစ်ဉီးက ပြောကြားသည်။

အမျိုးသားလုံခြုံရေးအကြံပေး ရောဘတ်အိုဘရိုင်ယန်က မေလ ၂၄ ရက်တွင် အိမ်ဖြူတော်၌ သတင်း ထောက်များသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။


အမေရိကန်အစိုးရက G-7 ထိပ်သီးအစည်းအဝေးကို လာမည့်လတွင် အိမ်ဖြူတော်၌ကျင်းပရန်နှင့် တစ် စိတ်တစ်ဒေသကို ဒေးဗစ်စခန်း၌ကျင်းပရန် မျှော်လင့်ကြောင်း ၄င်းက ပြောသည်။ G-7 ထိပ်သီးအစည်းအဝေးကို ဇွန်လကုန်တွင် ကျင်းပဖွယ်ရှိကြောင်း အိုဘရိုင်ယန်က ဆိုသည်။

G-7 အဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်များက လူချင်းတွေ့ဆုံပြီး ကိုဗစ်-၁၉ ကပ်ရောဂါအလွန် မည်သို့ ရှေ့ဆက် လှမ်းမည်နှင့် ၄င်းတို့၏တန်ဖိုးများကို မည်ကဲ့သို့ ကာကွယ်စောင့်ရှောက်မည်ဆိုသည်ကို ဆွေးနွေးရန် စိတ်အား ထက်သန်မည်ဟုထင်ကြောင်း ၄င်းက ပြောသည်။

သမ္မတ ဒေါ်နယ်ထရမ့်၏ ဖိတ်ကြားချက်အပေါ် G-7 အဖွဲ့ဝင်နိုင်ငံများ၏ ကြီးမားသောတုံ့ပြန်မှုတစ်ရပ် ရှိ ခဲ့ကြောင်း မေလ ၂၄ ရက်က CBS ရုပ်သံဌာနနှင့် တွေ့ဆုံမေးမြန်းမှုတစ်ခုအတွင်း ရောဘတ်အိုဘရိုင်ယန်က ဆို သည်။

G-7 ထိပ်သီးအစည်းအဝေးတွင် လူတိုင်းကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုပြုလုပ်ကာ အစည်းအဝေးကို ဘေးအန္တရာယ်ကင်းသော ပတ်ဝန်းကျင်တစ်ခုတွင် ကျင်းပမည်ဟု ၄င်းက ကတိပြုခဲ့သည်။

–ကိုးကား–
အင်န်အိတ်ချ်ကေ
Ref; US official: G7 summit at White House in June


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။