Trending Now

ပါကစ္စတန်မှာ မုတ်သုံမိုးဆက်လက်ရွာသွန်းမှုကြောင့် လူ ၃၅၇ ဦး သေဆုံးကာ ၄၀၀ ကျော် ဒဏ်ရာရရှိခဲ့

Spread the love

ပါကစ္စတန်မှာ မုတ်သုံမိုးဆက်လက်ရွာသွန်းမှုကြောင့် လူ ၃၅၇ ဦး သေဆုံးကာ ၄၀၀ ကျော် ဒဏ်ရာရရှိခဲ့

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၂၉

ပါကစ္စတန်နိုင်ငံမှာ မုတ်သုံမိုးသည်းထန်စွာရွာသွန်းပြီး သီတင်းငါးပတ်ကျော်ကြာ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် လူ ၃၅၇ ဦးထက်မနည်းသေဆုံးပြီး ၄၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ (NDMA) က ယမန်နေ့က ပြောကြားခဲ့ပါတယ်။

ုံမိုးသည်းထန်စွာရွာသွန်းမှုတွေရဲ့ နောက်ဆက်တွဲ လျှပ်တပြက်ရေကြီးမှုတွေဖြစ်ပေါ်ခဲ့လို့ ပါကစ္စတန်နိုင်ငံတစ်ဝှမ်းမှာ ဇွန်လ ၁၄ ရက်က စတင်ပြီး အခြေခံအဆောက်အအုံတွေ နဲ့ လူနေအိမ် အများအပြား ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ ရဲ့ စာရင်းတွေအရ စုစုပေါင်း နေအိမ် ၂၃,၇၉၂ လုံး ပျက်စီးခဲ့သလို လမ်းတွေ၊ တံတားတွေနဲ့ ဈေးဆိုင်ခန်းပေါင်းများစွာ ပျက်စီးခဲ့ပြီး ထောင်နဲ့ ချီတဲ့ လူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

ပါကစ္စတန်နိုင်ငံမှာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ရေကြီးရေလျှံမှု ပြဿနာတွေကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့ လိုအပ်တယ်လိုပ ဝန်ကြီးချုပ်
ပါကစ္စတန်သည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်နေရပြီး လက်ရှိလျှပ်တပြက်ရေကြီးမှုပြဿနာကို ဖြေရှင်းရန် လိုအပ်ကြောင်း ဝန်ကြီးချုပ် ရှဘာ ရှရီ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

“ရာသီဥတုပြောင်းလဲမှုဟာ ကျွန်တော်တို့ခေတ်ရဲ့ ငြင်းလို့မရနိုင်တဲ့ တကယ့်အဖြစ်မှန်ဖြစ်ပြီး ပါကစ္စတန်လို ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ဆိုးရွားတဲ့ အကျိုးဆက်တွေ ရှိနေပါတယ်။ အစိုးရအနေနဲ့ သူ့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်တွေကို ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ ချိန်ညှိနေပါတယ်” လို့ သူက ရေးသားခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချပ်စ်တန် ပြည်နယ်ဟာ အပြင်းထန်ဆုံး ထိခိုက်ခဲ့တဲ့ ဒေသတွေထဲက တစ်ခုဖြစ်ပြီး မိုးရွာသွန်းမှုတွေနဲ့ ရေကြီးမှုတွေကြောင့် လူ ၁၀၆ ဦး သေဆုံးကာ ပါကစ္စတန်တောင်ပိုင်း ဆင်ဒီဒ် ပြည်နယ်မှာ လူပေါင်း ၉၀ သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ ရဲ့ အဆိုအရ ပန်ဂျပ်ပြည်နယ် အရှေ့ပိုင်းမှာ သေဆုံးသူ ၇၆ ဦး၊ အနောက်မြောက်ပိုင်း ပြည်နယ်မှာ ၇၀ ဦး၊ အခြားဒေသတွေမှာ လူ ၁၅ ဦး သေဆုံးခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ သက်ဆိုင်ရာ အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့တွေက ပါကစ္စတန်စစ်တပ်နဲ့အတူ ရေဘေးသင့်ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ရေဘေးသင့်ပြည်သူတွေကို အစားအစာနဲ့ သောက်သုံးရေများ ထောက်ပံ့ပေးလျက်ရှိပြီး ဆရာဝန်တွေကလည်း ဆေးဝါးကုသပေးနိုင်ဖို့ ကွင်းဆင်ဆောင်ရွက်နေကြပါတယ်။

ပါကစ္စတန်မှာ ယခုသီတင်းပတ်အတွင်း မိုးဆက်လက်ရွာသွန်းမယ်လို့ ခန်မှန်းရပြီး ပါကစ္စတန်ရဲ့ အထက်ပိုင်း နဲ့ အလယ်ပိုင်းတွေမှာ မုတ်သုံမိုးရွာသွန်းမှု ပိုမိုအားကောင်းလာနိုင်တယ်လို့ ပါကစ္စတန်မိုးလေဝသဌာနက ပြောကြားခဲ့ပါတယ်။

Source – XinHua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။