Trending Now

မိုင်ခွန်ရွာ တလူးလှေစိပ်တွင် ကျပ်သိန်း ခုနှစ်ရာကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

Spread the love

မိုင်ခွန်ရွာ တလူးလှေစိပ်တွင် ကျပ်သိန်း ခုနှစ်ရာကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၅

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၊ မိုင်ခွန်ကျေးရွာ တလူးလှေစိပ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးထံမှ ကျပ်ငွေ သိန်းခုနှစ်ရာကျော် တန်ဖိုးရှိ ဘိန်းဖြူများကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ရှင်ဗွေယန်မြို့မရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် တလူးကျေးရွာရှိကျေးရွာ တာဝန်ရှိသူများ၊ တပ်မတော်မှ တာဝန်ရှိသူများနှင့် အတူ ခလုံးကျေးရွာဘက်မှ တလူး‌လှေစိပ်ဘက်သို့ ဆိုက်ကပ်လာသည့် လှေတစ်စီးအား မူးယစ်ဆေးဝါးသတင်းအရ စစ်ဆေးခဲ့ရာ ဇင်မင်းထိုက်၊ မဝါဝါသင်းနှင့် မဝင်းစန္ဒာဖြိုးတို့ ဆာလာအိပ် ၃ အိတ်ဖြင့် သယ်ဆောင်လာသည့် ဘိန်းဖြူဟု ယူဆရသော ဖြူ၊ ဝါကြားအမှုန့် ဆပ်ပြာခွက် (၂၄၂)ခွက်၊ ဘိန်းအလေးချိန် (၂၄၂၀) ဂရမ်၊ (၁) ဂရမ်လျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် (စုစုပေါင်း ကာလတန်ဖိုးငွေ ကျပ် ၇၂၆၀၀၀၀၀) တန်ဖိုးရှိသည့် ဘိန်းဖြူများကို ဖမ်းဆီးရမိခဲ့သဖြင့် ရှင်ဗွေယန်မြို့မရဲစခန်းထံသို့ အပ်နှံခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဘိန်းဖြူများမှာ သယ်ဆောင်လာသည့် ဦးဇင်မင်းသန့် အသက်(၃၁)နှစ်၊ ဒေါ်ဝါဝါသင်း၊ အသက် (၃၁)နှစ်၊ ဒေါ်စန္ဒာဖြိုး၊အသက် (၃၄) နှစ်တို့သည် အခကြေးဖြင့် သယ်‌ဆောင်ပေးသည့် ကယ်ရီသမားများဖြစ်သည်ဟုလည်း သိရသည်။

လက်ရှိတွင် ၎င်းတို့ကို ရှင်ဗွေယန်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားလျှက်ရှိပြီး ကွင်းဆက်တရားခံများကိုလည်း စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။