Trending Now

သဘာ၀ ပတ်ဝန်းကျင် ဂေဟစနစ်များကို တတ်နိုင်သမျှ ဝိုင်ဝန်း ထိန်းသိမ်းကာကွယ်ကြရန် ကချင်ပြည်နယ် ဝန်ကြီးချုပ်ပြောကြား

Spread the love

သဘာ၀ ပတ်ဝန်းကျင် ဂေဟစနစ်များကို တတ်နိုင်သမျှ ဝိုင်ဝန်း ထိန်းသိမ်းကာကွယ်ကြရန် ကချင်ပြည်နယ် ဝန်ကြီးချုပ်ပြောကြား

EPN

မြစ်ကြီးနား၊ ဇွန် ၆

လူနေမှုဘဝဖွံဖြိုးတိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးတို့အတွက် သဘာ၀ ပတ်ဝန်းကျင် ဂေဟစနစ်များကို တတ်နိုင်သမျှ ဝိုင်ဝန်း ထိန်းသိမ်းကာကွယ်ကြရန် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောကြားလိုက်သည်။

မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်က ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ပတ်ဝန်းကျင်ထိခိုက်မှု မရှိသည့် ကာဗွန်ထုတ်လွှတ်မှု လျော့နည်း‌ရေးစသည့် အစိမ်းရောင် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို အားပေးမြှင့်တင်ကြရန်နှင့် ကမ္ဘာရေရှည် ရှင်သန်နိုင်ရေးအတွက် ဂေဟစနစ်များကို ဝိုင်ဝန်း ထိန်းသိမ်းကာကွယ်ကြရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်က တိုက်တွန်း ပြောကြားခဲ့သည်။

ယင်းနောက် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရသူများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးတို့က ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ပြီး ပြည်နယ်သယံဇာတရေးရာဝန်ကြီးက အခြေခံပညာအထက်တန်း/ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများကို ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဝလုံး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။