Trending Now

ကချင်ပြည်နယ် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များ မိုးမောက်မြို့ ဝက်မွေးမြူရေးခြံသို့ ကြည့်ရှုစစ်ဆေးကာ ရောဂါ ကာကွယ်ဆေးများ ထောက်ပံ့

Spread the love

ကချင်ပြည်နယ် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များ မိုးမောက်မြို့ ဝက်မွေးမြူရေးခြံသို့ ကြည့်ရှုစစ်ဆေးကာ ရောဂါ ကာကွယ်ဆေးများ ထောက်ပံ့

EPN
မိုးမောက်၊ စက်တင်ဘာလ ၁၄ (၂၀၂၃)

ကချင်ပြည်နယ် ဝန်ကြီးချုပ်၊ သီရိပျံချီ ဦးခက်ထိန်နန်၊ တိုင်းရင်းသား ရေးရာ ၀န်ကြီး ဦးကျော်မင်းခိုင် တို့သည် စက်တင်ဘာ ၁၄ ရက် ယနေ့ နံနက် ၈ နာရီ အချိန်က မိုးမောက်မြို့နယ် အတွင်းက ဝက်မွေးမြူရေး ခြံများသို့ သွားရောက်၍ ကြည့်ရှု စစ်ဆေးခဲ့ပြီး ရောဂါ ကာကွယ်ဆေးများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ပြည်နယ် ၀န်ကြီးချုပ်နှင့် အဖွဲ့သည်နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့်မွေးမြူရေး လုပ်ငန်းဆောင်ရွက်သော မိုးမောက်မြို့နယ်၊ အောင်သာကုန်းကျေးရွာရှိ ဒေါ်၀မ်ပန်းကြူ၏ ၀က်မွေးမြူရေးခြံ နှင့် ဒေါ်ဟောက်ကြူဆုံး၏ ဝက်မွေးမြူရေး ခြံများသို့ သွားရောက် ကြည့်ရှု့ စစ်ဆေးခဲ့ကြပြီး ဝက်ရောဂါ ကာကွယ်ဆေးများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ သွားရောက်ရာတွင် ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်လွင် နှင့် အဖွဲ့ဝင်များ၊ ခရိုင် မွေးမြူရေး နှင့် ကုသရေး ဦးစီးမှူး၊ မိုးမောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇင်မောင်မောင် နှင့် အဖွဲ့ဝင်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းဆောင်ရွက်သော မြို့နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ အဖွဲ့၀င်များ လိုက်ပါခဲ့ကြောင်း သိရသည်။

ဗန်းမော်သုခမိန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။