Trending Now

မံစီမြို့နယ်၌ အခြေခံပညာ မူလတန်းအဆင့် (မြို့နယ်အဆင့်) ဘာသာရပ် မွမ်းမံစွမ်းရည်မြှင့် ဆွေးနွေးပွဲ ကျင်းပ

Spread the love

မံစီမြို့နယ်၌ အခြေခံပညာ မူလတန်းအဆင့် (မြို့နယ်အဆင့်) ဘာသာရပ် မွမ်းမံစွမ်းရည်မြှင့် ဆွေးနွေးပွဲ ကျင်းပ

EPN
မံစီ၊ မတ် ၂၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (မံစီ) ဖုန်ကန်ဒူဝါ ခန်းမဆောင်၌ မတ် ၂၈ ရက် နံနက် ၉ နာရီက အခြေခံပညာ မူလတန်းအဆင့် (မြို့နယ်အဆင့်) ဘာသာရပ် မွမ်းမံစွမ်းရည်မြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး နှင့် မြို့နယ်ပညာရေးမှူး တို့က ဆွေးနွေးပွဲပြုလုပ်ရသည့် အကြောင်းကို ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ က ဆွေးနွေးပွဲ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ဘာသာရပ် မွမ်းမံစွမ်းရည်မြှင့်ဆွေးနွေးပွဲတွင် အခြေခံပညာမူလတန်းကျောင်းအုပ် များနှင့် အခြေခံပညာမူလတန်းအဆင့်သင်ကြားနေသည့် ဆရာဆရာမများ စုစုပေါင်း (၃၇၅)ဦး တက်ရောက်ပြီး မတ်လ ၃၁ ရက်နေ့အထိ ဆရာ ဆရာမ (၁၂)ဦးက ဦးဆောင်၍ ဆွေးနွေးကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

ဗန်းမော်သုခမိန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။