Trending Now

တရုတ် – မြန်မာနယ်စပ် ဂိတ်များကို ဇန်နဝါရီလ ၈ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်

Spread the love

တရုတ် – မြန်မာနယ်စပ် ဂိတ်များကို ဇန်နဝါရီလ ၈ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ

တရုတ် – မြန်မာနယ်စပ် ဂိတ်များဖြစ်သည့် ရွှေလီနယ်စပ်ဂိတ်၊ ကျယ်ဂေါင်နန်းတော်ဂိတ်၊ ကုန်ပစ္စည်းစခန်း၊ တရုတ်-မြန်မာဈေးစသည့် လမ်းကြောင်းသုံးခု၌ လူ၊ ကုန်ပစ္စည်း ဖြတ်သန်းသွားလာမှုကို ဇန်နဝါရီလ ၈ ရက်နေ့မှ စတင်၍ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

တရုတ်-မြန်မာ စီးပွားရေးနှင့် ကုန်သွယ်ရေးဆက်ဆံမှု၊ ပြည်သူလူနေမှုဘဝ အကျိုးစီးပွားများကို ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန်၊ နှစ်နိုင်ငံနယ်စပ်ဒေသ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်အတွက် အဆိုပါနယ်စပ်ဂိတ်များကို ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

နယ်စပ်ကုန်သွယ်ရေးဂိတ်များပြန်လည် ဖွင့်လှစ်ပါက တရုတ် – မြန်မာ နယ်စပ်ဂိတ်များ မှ ကုန်တင်ယာဉ်များ၊ လူစီးယာဉ်များအပြင် မော်တော်ဆိုင်ကယ်ဖြင့်ပါ ဖြတ်သန်းသွားလာခွင့်ရှိမည်ဖြစ်ပြီး မြန်မာအလုပ်သမားများနှင့် ခရီးသွားများလည်း နေ့စဉ်နယ်စပ်ဖြတ်သန်းခွင့် ကတ်ဖြင့် သွားလာနိုင်မည် ဖြစ်ကြောင်း သိရသည်။

နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ပါက နှစ်နိုင်ငံ ကုန်တင်ယာဉ်များအနေဖြင့် မန့်ဝိန်းဂိတ်မှ တရုတ်စံတော် ချိန် နံနက် (၈) နာရီမှ ည(၁၁) နာရီအထိ ဝင်/ထွက်ခွင့်ပြုကြောင်း တရုတ်သံရုံးက အသိပေးထားသည်။

ထို့အပြင် အစိုးရဝန်ထမ်းများနှင့် အတူလိုက်ပါသည့် ယာဉ်များသည် နန်းတော်ဂိတ်မှ ပေကျင်းစံတော်ချိန် နံနက် (၈) နာရီမှ ည (၉) နာရီခွဲအထိ ဖြတ်သန်းသွားလာခွင့်နှင့် အခြားလူပုဂ္ဂိုလ်နှင့် အိမ်စီးကား၊ ဆိုင်ကယ်၊ လျှပ်စစ်သုံးဆိုင်ကယ်များသည် ဆင်ဖြူဂိတ်မှတဆင့် နံနက် (၈) နာရီမှည (၉) နာရီခွဲအထိဝင် /ထွက်ခွင့်ပြုကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ အသိပေးဖော်ပြထားသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။