Trending Now

ဖေ့စ်ဘုတ်ပိုင်ရှင် meta ကုမ္ပဏီ တစ်ရက်ကို ဒေါ်လာတစ်သိန်းနီးပါ ဒဏ်ရိုက်ခံရ

Spread the love

ဖေ့စ်ဘုတ်ပိုင်ရှင် meta ကုမ္ပဏီ တစ်ရက်ကို ဒေါ်လာတစ်သိန်းနီးပါ ဒဏ်ရိုက်ခံရ

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၂

ဖေ့စ်ဘုတ် နဲ့ အင်စတာဂရမ်တို့ကို ပိုင်ဆိုင်တဲ့ Meta ကုမ္ပဏီကို သြဂုတ်လ ၁၄ ရက်နေ့က စတင်ကာ တစ်ရက်ကို နော်ဝေးခရိုနာ ၁ သန်း (၉၄,၃၁၃ ဒေါ်လာ) ဒဏ်ငွေအဖြစ် ပေးဆောင်ဖို့ နော်ဝေးတရားရုံးက အမိန့် ချမှတ်ခဲ့ပါတယ်။

Meta ဟာ ဖေ့စ်ဘုတ်နဲ့ အင်စတာဂရမ်မှာရှိတဲ့ လူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို တရားမဝင်ရယူကာ ကြော်ငြာတွေမှာ အသုံးပြုနေတာကို နော်ဝေးဒေတာစည်းကမ်းထိန်းသိမ်းရေးက တွေ့ရှိခဲ့တာဖြစ်ပါတယ်။

တရားရုံးက ချမှတ်ခဲ့တဲ့ ဒဏ်ငွေကို Meta ကုမ္ပဏီက နိုဝင်ဘာ ၃ ရက်နေ့အထိ ရပ်တန့်ထားစေလိုပြီး ဒဏ်ကြေးငွေ ကြီးကြီးမားမား မပေးဆောင်ရဖို့ နော်ဝေးနိုင်ငံ တရားရုံးကို သွားရောက်နေပါတယ်။

Meta က ကြောငြာခြင်းမပြုလုပ်မီ ဥရောပက သုံးစွဲသူတွေဆီက တရားဝင်ခွင့်ပြုချက်ရယူဖို့နဲ့ အဆင်ပြေမှုရှိမရှိ မေးမြန်းဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

ဒါပေမယ့် Meta ဟာ လူတွေရဲ့ ခွင့်ပြုချက်ရယူဖို့ လုပ်ဆောင်နေတုန်းမှာပဲ အခွင့်အရေးတွေကို ထိခိုက်နေတယ်လို့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ယူဆပါတယ်။

တရားရုံးကြားနာမှုဟာ နှစ်ရက်ကြာမြင့်မှာဖြစ်ပြီး Meta ရဲ့တောင်းဆိုချက်ကို တရားရုံးက ပယ်ချလိုက်ပါက ဒဏ်ကြေးငွေဟာ အမြဲတမ်းဖြစ်လာနိုင်ပြီး ဥရောပက အခြားနိုင်ငံတွေမှာလည်း သက်ရောက်မှုရှိလာနိုင်တယ်လို့ ဆိုပါတယ်။

ref; Reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။