Trending Now

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ လေဆိပ်ကို အစ္စရေးက ဒုံးကျည်ဖြင့် ပစ်ခတ်

Spread the love

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ လေဆိပ်ကို အစ္စရေးက ဒုံးကျည်ဖြင့် ပစ်ခတ်

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁

ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုမြို့ရှိ နိုင်ငံတကာ လေဆိပ်အား အစ္စရေးက ဒုံးကျည်ဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ကုန်ပစ္စည်းများ ပျက်စီးခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့သည့် ဆီးရီးယား စစ်ဘက်ဆိုင်ရာ ထုတ်ပြန်ချက်တွင် ဖော်ပြထာသည်။

အဆိုပါ အစ္စရေး ဒုံးကျည်များသည် မြေထဲပင်လယ်မှ ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ဒေသတွင်း သတင်းဝက်ဘ်ဆိုက်များက ဖော်ပြထားပြီး လူအသေအပျောက်စာရင်းအား ဖော်ပြထားခြင်းမရှိပေ။

တစ်ချိန်တည်း ယူကေအခြေစိုက် စစ်စောင့်ကြည့်နေသည့် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က အစ္စရေးသည် လေဆိပ်နှင့်အနီးတစ်ဝိုက်ရှိ အီရန်ဒုံးကျဉ်များသိုလှောင်ထားသည်ဟု ယူဆရသည့် ကုန်ပစ္စည်းသိုလှောင်ရုံးများသို့ ဒုံးကျည်လေးစင်းဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်အစောပိုင်းက Masyaf မြို့တွင် လူအသေအပျောက်များသည့် တိုက်ခိုက်မှုအပြီး အစ္စရေး၏ ယခုတစ်ကြိမ် တိုက်ခိုက်မှုသည် ယခုနှစ်အတွင်း ၂၂ ကြိမ်မြောက် ဆီးရီးယားအား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Source – Xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။