Trending Now

ဖားကန့်မြို့ရှိ ဗျူဟာကုန်းအား KIA၊ PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ဘူးဂါလျှပ်စစ်ရုံးဝန်းအတွင်း ကျရောက်ပေါက်ကွဲမှု ဖြစ်ပွား

Spread the love

ဖားကန့်မြို့ရှိ ဗျူဟာကုန်းအား KIA၊ PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ဘူးဂါလျှပ်စစ်ရုံးဝန်းအတွင်း ကျရောက်ပေါက်ကွဲမှု ဖြစ်ပွား

EPN
ဖားကန့်၊ မတ် ၄ ၊ ၂၀၂၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်အတွင်းရှိ ဗျူဟာကုန်းတပ်စခန်းအား KIA၊ PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ဘူးဂါးလျှပ်စစ်ရုံးဝန်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက် အတွင်းရှိ ဗျူဟာကုန်းတပ်စခန်းအား KIA၊ PDF ပူးပေါင်းအဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ဗျူဟာကုန်းတပ်စခန်းသို့ ကျရောက်ခြင်းမရှိပဲ ဖားကန့်မြို့နယ် ဘူးဂါး လျှပ်စစ်ဓါတ်အား ဖြန့်ဖြူရေး ရုံးဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း မော်ဝမ်းရပ်ကွက်နေ ပြည်သူတစ်ဦးက ဆိုသည်။

” ဒီကနေ့ မနက် ၁၀နာရီခွဲ အချိန်မှာ မော်ဝမ်းရပ်ကွက်မှာရှိတဲ့ ဗျူဟာကုန်းကို KIA ကလက်နက်ကြီး လှမ်းပစ်တာ။ ဗျူဟာကုန်းကို မထိပဲ ဘူးဂါးရုံးဝန်းထဲ ‌ကျရောက်ပေါက်ကွဲတာ ဖြစ်ခဲ့တယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် ဘူးဂါးဝန်းအတွင်း ရှိနေသည့် လူနှင့် တိရိစ္ဆာန်များ ထိ‌ခိုက်မှု မရှိခဲ့သော်လည်း ဘူးဂါးရုံးဝန်းအတွင်းရှိ အုပ်ကန်ဟောင်း ထိခိုက်ပျက်ဆီးခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ် KIA၊ PDF ပူးပေါင်းအဖွဲ့သည် တာမခန်ဘက်တွင် တပ်မတော်နှင့် တိုက်ပွဲပြင်းထန်နေ၍ မော်ဝမ်းရပ်ကွက် အတွင်းရှိ ဗျူဟာကုန်းတပ်စခန်းမှ လက် နက်ကြီး ပစ်ကူရပ်တန့်စေရန် မကြာခဏ လာရောက် ပစ်ခတ်မှုများ ရှိခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

” အခုဖြစ်နေတဲ့ တိုက်ပွဲမှာ KIA၊ PDF အဖွဲ့ အထိနာနေတယ်လို့ ကြားတယ်။ ဗျူဟာကုန်းက လက်နက်ကြီး ပစ်ကူမှုရပ်တန့်အောင် ခြိမ်းခြောက်တဲ့ အနေနဲ့ ဆိုင်ကယ်နဲ့ လာလာပစ်တယ်။ ဗျူဟာကုန်းပေါ် မကျပဲ ပြည်သူတွေ နေအိမ်ပေါ် ခဏခဏ ကျရောက်ပေါက်ကွဲတာတွေ ဖြစ်တယ်။ ထိခိုက်မှုတွေလည်း ရှိခဲ့တယ် ” ဟု အမည်မဖော်လိုသူ မော်ဝမ်းရပ်ကွက်‌နေသူတစ်ဦးက ရှင်းပြသည်။

ဖားကန့် မြို့ပေါ်ရှိ ရပ်ကွက်၊ ကျေးရွာအ တွင်း ပစ်ခတ်မှုဖြစ်ပွားခြင်း၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားနေခြင်းကြောင့် ဒေသခံပြည်သူများသည် ၎င်းတို့၏ စီးပွားရေး လုပ်ငန်းဖြစ်သည့် ကျောက်ပွဲတန်း၊ ဈေးတန်း၊ ဈေးဆိုင်တို့ကို မကြာခဏ ရပ်နားထားရပြီး၊ မြို့ပေါ် တွင်လည်း လူသူကင်းရှင်းမှုများ ဖြစ်ပေါ် လျက်ရှိကြောင်း သိရသည်။

ဖားကန့်မြို့နယ်၊ ဆယ်ဇင်ကျေးရွာအုပ်စု တာမခံကျေးရွာအနီးရှိ တပ်မတော်လုံခြုံရေး စခန်းတစ်ခုကို KIA၊ PDF ပူးပေါင်းအဖွဲ့မှ ဖေဖော်ဝါရီလ (၂၆)ရက်နေ့၊ ညနေ (၄)နာရီအချိန်ခန့်က စတင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပိုင်ကြီး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။