Trending Now

စစ်ကိုင်းတိုင်းထဲက အကြမ်းဖက်သမားတွေ အခြေပြုနေတဲ့ ယာယီစခန်းတွေကို နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေက ဝင်ရောက်သိမ်းဆည်း

Spread the love

စစ်ကိုင်းတိုင်းထဲက အကြမ်းဖက်သမားတွေ အခြေပြုနေတဲ့ ယာယီစခန်းတွေကို နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေက ဝင်ရောက်သိမ်းဆည်း


EPN

ရွှေဘို ၊ မေ ၃

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်နဲ့ ကလေးမြို့နယ်တွေထဲက အကြမ်းဖက်သမားတွေ အခြေပြုနေထိုင်တဲ့ ယာယီစခန်းတွေကို မနေ့က မနက်အစောပိုင်းမှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေက ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့တယ်လို့ မြို့နယ်လုံခြုံရေး အဖွဲ့တွေဆီက သိရပါတယ်။

ဲမနေ့က မနက်ပိုင်းက စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ၊ ညောင်ပင်သာကျေးရွာနားမှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့နဲ့ အကြမ်းဖက်သမားတွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီတိုက်ပွဲမှာ အကြမ်းဖက်သမား အလောင်း ၂ လောင်း၊ လက်လုပ်သေနတ် ၁၄ လက်၊ လက်လုပ်ပစ္စတို ၁ လက်၊ တရုတ် နိုင်ငံထုတ်လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၄၅ လုံး၊ လက်လုပ်မိုင်း ၂ လုံး၊ ၉ မမကျည် ၂၅ တောင့်၊ မှန်ပြောင်းစကုတ် ၃ ခု၊ ၁၂ ဘို့ ကျည် ၂၉ တောင့်၊ တရုတ်နိုင်ငံထုတ်ရီမု ၁ ခု၊ ဗုံးစလွယ် ၃ ခု၊ ကာဗွန်မှုန့် ၇ ဗူး၊ အီကွေးမန့် အနက်ရောင် ၁ စုံ၊ ပြောက်ကျား ယူနီဖောင်း(တံဆိပ်မပါ) ၁ စုံ၊ ၁၂ ဗို့ ဘတ္ထရီအိုး ၁ လုံးတို့ကို နယ်မြေရှင်းလင်းရေး အဖွဲ့က သိမ်းဆည်းရမိတယ်လို့ ရွှေဘိုမြို့နယ် လုံခြုံရေးအဖွဲ့ဆီက သိရပါတယ်။

ဒါ့အပြင် မနေ့မနက်ပိုင်းကလည်း ကလေးမြို့နယ် ၊ အရှေ့စည်းကျေးရွာနားမှာ အကြမ်းဖက်သမားတွေနဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်သောင်းကျန်းသူအလောင်း ၃ လောင်း၊ ခါးချိုးသေနတ် ၂ လက်၊ လက်လုပ်မိုင်း ၁၅ လုံး၊ Drop bomb ၃ လုံး၊ ကျည်ကာအင်္ကျီ ၄ ထည်၊ ပျောက်ကျားယူနီဖောင် ၃၀ စုံ၊ ဆေးမျိုးစုံသေတ္တာ ၁ လုံး၊ ဆန်အိတ်များ၊ အိတ်ယာ လိပ်တွေကို နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့က သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ် ။

အဲ့ဒီ ထိတွေ့တိုက်ပွဲတွေမှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့ဘက်က ဒဏ်ရာရတာ ၊ သေဆုံးတာတွေ မရှိဘူလို့ သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။