Trending Now

တရုတ်စစ်လေယာဉ် ၂၁ စင်း ထိုင်ဝမ်ရဲ့ လေကြောင်းရန် ကာကွယ်ရေး ဇုံထဲကို ဝင်ရောက်

Spread the love

တရုတ်စစ်လေယာဉ် ၂၁ စင်း ထိုင်ဝမ်ရဲ့ လေကြောင်းရန် ကာကွယ်ရေး ဇုံထဲကို ဝင်ရောက်

EPN
နိုင်ငံတကာ၊ မတ် ၂

တရုတ်စစ်လေယာဉ် ၂၁ စင်းဟာ ထိုင်ဝမ်ရဲ့ လေကြောင်းရန် ကာကွယ်ရေးဇုံထဲကို ယမန်နေ့က ဝင်ရောက်ခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

J-10 တိုက်လေယာဉ် ၁၇ စင်းနဲ့ J-16 တိုက်လေယာဉ် ၄ စင်းတို့ဟာ ထိုင်ဝမ်လေကြောင်းရန် ကာကွယ်ရေးဇုံ အနောက်တောင်ဘက်မှာ ပျံသန်းခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်အပေါ် တရုတ်နိုင်ငံဘက် ဖိအားပေးမှုတွေကြာင့် F-16 တိုက်လေယာဉ်တွေအတွက် ဒုံးကျည်တွေ အပါအဝင် ထိုင်ဝမ်ကို ဒေါ်လာ ၆၁၉ သန်းတန်ဖိုးရှိ လက်နက်အသစ်တွေ ရောင်းချသွားမယ်လို့ အမေရိကန်က ဒီနေ့ အတည်ပြုခဲ့ပါတယ်။

ထိုင်ဝမ်အရေးနဲ့ ပတ်သက်လို့ အမေရိကန်ကို ဝင်ရောက်စွက်ဖက်ချင်း မပြုလုပ်ဖို့ တရုတ်နိုင်ငံဘက်က အကြိမ်ကြိမ်သတိပေးထားပြီး ဆက်ဆံရေး တင်းမာနေတဲ့ ကြားက အခုလို ရောင်းချဖို့ အတည်ပြုလိုက်တာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ကလည်း ထိုင်ဝမ်လေကြောင်း ကာကွယ်ရေး ဇုံထဲကို တရုတ်လေယာဉ် ၁၉ စင်းပျံသန်းခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

တရုတ်စစ်လေယာဉ်တွေဟာ အရေးကြီးတဲ့ အလယ်အလတ်မျဉ်းကို ဖြတ်ကျော်ခြင်းမရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာ ထိုင်ဝမ်အနီး အကြီးစား စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ပြီးကတည်းက နေ့စဉ်နီးပါး ပျံသန်းနေခဲ့တာဖြစ်ပါတယ်။

Ref; Taiwan reports 21 Chinese air force planes entered its air defence zone

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။