Trending Now


Spread the love

[youtube=https://www.youtube.com/watch?v=gmo-U76hgbY&w=320&h=266]


သက်ပိုင်

ကာလတန်ဖိုး ကျပ်သိန်း ၁၀၀၀ကျော် အလေးချိန် ၉.၃၇ တန်ချိန်ရှိ ကျောက်စိမ်းတုံးအား မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်-ဆမားလမ်းဆုံတွင် စိုက်ထူ

မြစ်ကြီးနား၊ဖေဖော်ဝါရီ ၁၂

ကာလတန်ဖိုးကျပ်သိန်း ၁၀၀၀ကျော်နဲ့ အလေးချိန် ၉.၃၇ တန်ချိန်ရှိ ကျောက်စိမ်းတုံးအား ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်-ဆမားလမ်းဆုံတွင် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စိုက်ထူခဲ့ပါတယ်။

အဆိုပါ ကျောက်စိမ်းတုံးကို ဘန်လွန်ဒူဝါဒေါက်ဘွမ်ယွန် က ထပ်မံလှူဒါန်းခဲ့တာဖြစ်ပြီး မြစ်ကြီးနားမြို့ရဲ့ ကျန်ရှိနေတဲ့ မြစ်ကြီးနားဘူတာရှေ့တစ် နေရာမှာလည်း စိုက်ထူသွားဖို့စီစဉ်နေတယ်လို့ ဆိုပါတယ်။

ဒေါက်တာဘွမ်ယွန်အနေနဲ့ ကချင်ပြည်နယ်နေ့အထိမ်အမှတ်အနေနဲ့ မြစ်ကြီးနားလေဆိပ်မှာ ကာလတန်ဖိုး ကျပ်သိန်း ၂ထောင်ကျော် တန်ကြေးရှိတဲ့ ကျောက်စိမ်းတုံးကို စိုက်ထူခဲ့သလို တက္ကသိုလ်ကျောင်းဝန်းနဲ့ ကချင်ပြည်နယ်လွှတ်တော်တို့မှာလည်း အများပြည်သူကြည့်ရှုနိုင်ဖို့ ကျောက်စိမ်းတုံးတွေကို အလှဆင်လှူဒါန်းထားသူ တစ်ဦးပဲဖြစ်ပါတယ်။

ဆွမ်ပရာဘွမ်လမ်းမ- ဆမားလမ်းဆုံမှာစိုက်ထူလှူဒါန်းခဲ့တဲ့ကျောက်စိမ်းတုံးမှာ အမြင့်ပေ ၈ ပေကျော်ခန့်ရှိပြီး အဆိုပါ ကျောက်စိမ်းတုံးကို ပန်းပုရုပ်ထုအဖြစ် ထုလုပ်ပါက ကျပ်သိန်း တစ်သောင်းကျော်ခန့် ရှိနိုင်တယ်လို့လည်း သိရပါတယ်။
သက်ပိုင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။