Trending Now

တပ်မတော် ရဟတ်ယာဉ်တစ်စင်း ဟားခါးလေယာဉ်ကွင်းအနီး ပျက်ကျ တပ်မတော်သား နှစ်ဦးနှင့် ပညာရေးဝန်ထမ်း သုံးဦး ဒဏ်ရာရ

Spread the love

တပ်မတော် ရဟတ်ယာဉ်တစ်စင်း ဟားခါးလေယာဉ်ကွင်းအနီး ပျက်ကျ တပ်မတော်သား နှစ်ဦးနှင့် ပညာရေးဝန်ထမ်း သုံးဦး ဒဏ်ရာရ

EPN

မြစ်ကြီးနား၊ မတ် ၂၉

စာမေးပွဲမေးခွန်းများ ပို့ဆောင်မည့် တပ်မတော်ရဟတ်ယာဉ်တစ်စင်းသည် ဟားခါးလေယာဉ်ကွင်းအနီး၌ ယနေ့ နံနက် ၉ နာရီ ၂ဝ မိနစ်ခန့်တွင် ပျက်ကျမှုဖြစ်ပွားခဲ့ပြီး တပ်မတော်သား နှစ်ဦးနှင့် ပညာရေးဝန်ထမ်း သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရဟတ်ယာဉ်သည် စာမေးပွဲမေးခွန်းများကို ကလေးမြို့မှတဆင့် ဟားခါးမြို့သို့ သယ်ဆောင်လာခြင်းဖြစ်ပြီး ဟားခါးမြို့လေယာဉ်ကွင်းသို့ ဆင်းသက်သည့်အချိန်တွင် မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါရဟတ်ယာဉ်သည် လေယာဉ်ကွင်း နှင့် မီတာ ၁ဝဝ ကျော်ခန့်အကွာရှိ တောင်စောင်းပေါ်တွင် ပျက်ကျခဲ့ခြင်းဖြစ်ပြီး ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူမရှိခဲ့သော်လည်း တပ်မတော်မှ နှစ်ဦးနှင့် အရပ်ဘက်ပညာရေးဝန်ထမ်း သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရဟတ်ယာဉ်ဖြင့်သယ်ဆောင်လာသည့် တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းများသည် ပျက်စီးမှုမရှိဘဲ တပ်သို့ရောက်ရှိသွားပြီဖြစ်ကာ ပျက်ကျခဲ့သည့် ရဟတ်ယာဉ်ကို ကရိန်းဖြင့် ပြန်လည်သယ်ယူနေပြီဖြစ်ကြောင်း သိရသည်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။