Trending Now

လံုခင္းေက်းရြာအုပ္​စုတြင္ ဆက္ေၾကးေကာက္မႈမ်ား KIA လက္နက္ကိုင္အဖြဲ႕ ပိုမိုလုပ္ေဆာင္ေန

Spread the love

လံုခင္းေက်းရြာအုပ္​စုတြင္ ဆက္ေၾကးေကာက္မႈမ်ား KIA
လက္နက္ကိုင္အဖြဲ႕ ပိုမိုလုပ္ေဆာင္ေန

EPN
ျမစ္ၾကီးနား ေဖေဖာ္၀ါရီ ၂၁

ဖားကန္႕ၿမိဳ႕နယ္ လံုခင္းေက်းရြာအုပ္​စုတြင္ ဆက္ေၾကးေကာက္မႈမ်ား KIA လက္နက္ကိုင္အဖြဲ႕ ပိုမိုလုပ္ေဆာင္ေန ေၾကာင္းေဒသခံၿပည္သူမ်ားထံမွသိရသည္။

“လံုးခင္းဘက္ၿခမ္းမွာဆက္ေၾကးေတြ အရမ္းေကာက္ေနတယ္။ကားအေသး Probox ဆိုရင္ တစ္သိန္းခြဲ ေကာက္တယ္။ပါဂ်ဲရိုက ၃ သိန္း။
သူ႕ထက္ၾကီးရင္ ၄ သိန္း၊၅သိန္း ။ေနာက္ေကာ္ဖီထုတ္ေလးေတြ ခ်ိတ္ ေရာင္းတဲ႕ဆိုင္ေတြကို ႏွစ္သိန္းခြဲေကာက္တယ္။ဆိုင္အၾကီးဆိုလဲ ၁၀ သိန္းတို႕ ၊ခုႏွစ္သိန္း တို႕ေကာက္ တာေပါ႔ဗ်ာ။ဒီဆိုင္မွာ ကားလဲရွိတယ္ဆိုရင္ ကားနဲ႕ဆိုင္နဲ႕တြဲေကာက္တာေပါ႕။ပိုက္ဆံမရွိတဲ႕အခါက်ေတာ႔ မင္းတို႔ ဒါကိုမေဆာင္ႏိုင္ရင္ မေပးႏိုင္ရင္ ငါတို႔ၿပည္မွာမေနနဲ႕လို႔ ေၿပာတာေပါ႔ဗ်ာ ။ထူးၿခားခ်က္က ၿဖတ္ပိုင္း မေပးဘူး။လူထုက ဒီေလာက္ၾကပ္တည္းေနတဲ႕အခါမွာ ဒီလိုပံုစံမ်ိဳးေတြ ရင္ထဲမွာေတာ္ ေတာ္ခံစားရတာေပါ႔ဗ်ာ။ “ဟု အဆိုပါ ေဒသခံက ေၿပာသည္။

KIA လက္နက္ကိုင္တပ္ဖြဲ႕အေနၿဖင္႔ ဖားကန္႕၊တႏိုုင္းအစရွိသည္႕ ေဒသအႏွံ႔၌ ဆက္ေၾကးမ်ားကို ကားလမ္း ေပၚအထိ တက္ေရာက္ေကာက္ခံေနသကဲ႕သို႔ ၿမစ္ၾကီးနားၿမိဳ႕ေပၚတြင္ လည္း ဆက္ေၾကးေကာက္စာမ်ား ၿဖန္႕ေ၀ေကာက္ခံေနမႈမ်ားလည္းမၾကာခန ရွိေၾကာင္းသိရသည္။

“၀ါးလံုးနဲ႕တားၿပီး ဂိတ္ေၾကး ၂၀၀၀၊ ၃၀၀၀ ေကာက္တာကေတာ႔ ေအာ္ရဲတာေပါ႔ဗ်ာ။ဒီလို သိန္းကို အမ်ားၾကီး ေကာက္တာေတာ႔ မီဒီယာမွာ မပါႏိုင္ေတာ႔ဘူးလားေပါ႔ေလ။”ဟု ေဒသခံတစ္ဦးကေၿပာသည္။

ရာဇာမင္​း
————————–————————–———–
လုံခင်းကျေးရွာတွင် ဆက်ကြေးကောက်မှုများ KIA လက်နက်ကိုင်အဖွဲ့ ပိုမိုလုပ်ဆောင်နေ

EPN
မြစ်ကြီးနား ဖေဖော်ဝါရီ ၂၁

ဖားကန့်မြို့နယ် လုံခင်းကျေးရွာအုပ်စုတွင် ဆက်ကြေးကောက်မှုများ KIA လက်နက်ကိုင်အဖွဲ့ ပိုမိုလုပ်ဆောင်နေ ကြောင်းဒေသခံပြည်သူများထံမှသိရသည်။

“လုံးခင်းဘက်ခြမ်းမှာဆက်ကြေးတွေ အရမ်းကောက်နေတယ်။ကားအသေး Probox ဆိုရင် တစ်သိန်းခွဲ ကောက်တယ်။ပါဂျဲရိုက ၃ သိန်း။သူ့ထက်ကြီးရင် ၄ သိန်း၊၅သိန်း ။နောက်ကော်ဖီထုတ်လေးတွေ ချိတ် ရောင်းတဲ့ဆိုင်တွေကို နှစ်သိန်းခွဲကောက်တယ်။ဆိုင်အကြီးဆိုလဲ ၁၀ သိန်းတို့ ၊ခုနှစ်သိန်း တို့ကောက် တာပေါ့ဗျာ။ဒီဆိုင်မှာ ကားလဲရှိတယ်ဆိုရင် ကားနဲ့ဆိုင်နဲ့တွဲကောက်တာပေါ့။ပိုက်ဆံမရှိတဲ့အခါကျတော့ မင်းတို့ ဒါကိုမဆောင်နိုင်ရင် မပေးနိုင်ရင် ငါတို့ပြည်မှာမနေနဲ့လို့ ပြောတာပေါ့ဗျာ ။ထူးခြားချက်က ဖြတ်ပိုင်း မပေးဘူး။လူထုက ဒီလောက်ကြပ်တည်းနေတဲ့အခါမှာ ဒီလိုပုံစံမျိုးတွေ ရင်ထဲမှာတော် တော်ခံစားရတာပေါ့ဗျာ။ “ဟု အဆိုပါ ဒေသခံက ပြောသည်။

KIA လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် ဖားကန့်၊တနိုုင်းအစရှိသည့် ဒေသအနှံ့၌ ဆက်ကြေးများကို ကားလမ်း ပေါ်အထိ တက်ရောက်ကောက်ခံနေသကဲ့သို့ မြစ်ကြီးနားမြို့ပေါ်တွင် လည်း ဆက်ကြေးကောက်စာများ ဖြန့်ဝေကောက်ခံနေမှုများလည်းရှိကြောင်းသိရသည်။

“ဝါးလုံးနဲ့တားပြီး ဂိတ်ကြေး ၂၀၀၀၊ ၃၀၀၀ ကောက်တာကတော့ အော်ရဲတာပေါ့ဗျာ။ဒီလို သိန်းကို အများကြီး ကောက်တာတော့ မီဒီယာမှာ မပါနိုင်တော့ဘူးလားပေါ့လေ။”ဟု ဒေသခံတစ်ဦးကပြောသည်။

ရာဇာမင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။