Trending Now

မွေးရပ်မြေပြန်လာသည့် အိန္ဒိယရွှေ့ပြောင်းလုပ်သား ၁၅ ဦး ရထားကြိတ်ခံရ၍ သေဆုံး

Spread the love

မွေးရပ်မြေပြန်လာသည့် အိန္ဒိယရွှေ့ပြောင်းလုပ်သား ၁၅ ဦး ရထားကြိတ်ခံရ၍ သေဆုံး

EPN
နိုင်ငံတကာ၊ မေ ၈

အိန္ဒိယနိုင်ငံတစ်ဝန်း အသွားအလာကန့်သတ်မှု ပြုလုပ်ထားစဉ် မာဒရာပရာဒေ့ရှ်ပြည်နယ်သို့ ပြန်လာ သော ရွှေ့ပြောင်းလုပ်သား ၁၅ ဦးထက် မနည်းမှာ မဟာရတ်ရှ်ထရပြည်နယ်၊ အူရန်ဂါဘတ်မြို့တွင် ကုန်တင်ရထား တစ်စင်း ကြိတ်မိခြင်း၍ သေဆုံးခဲ့သည်။

ယခုဖြစ်ရပ်မှာ အူရန်ဂါဘတ်-ဂျယ်လ်နာ ရထားလမ်းပေါ်တွင် ယနေ့နံနက် ၅ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရထားလမ်းတစ်လျောက် လမ်းလျောက်ပြန်လာသည့် အလုပ်သမားများမှာ ခြေကုန်လက် ပန်းကျ၍ အိပ်ပျော်သွားခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဉီးက ပီတီအိုင်သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဖြစ်ရပ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ခဲ့ကြောင်း မီးရထားဝန်ကြီးဌာနက တွစ်တာ၌ ရေးသားခဲ့သည်။ အခင်းဖြစ်ပွားချိန်တွင် ရထားလမ်းပေါ်၌ လူ ၁၅ ဉီးမှ ၂၀ ဉီးခန့်အထိ အိပ်ပျော်နေကြောင်း ဝန် ကြီးဌာနက ဆိုသည်။ ရထားကြိတ်ခံ၍ သေဆုံးခဲ့သူ အလုပ်သမားများမှာ မာဒရာပရာဒေ့ရှ်ပြည်နယ်မှဖြစ်ပြီး ဂျယ်လ်နာရှိ SRG ကုမ္ပဏီတွင် လုပ်ကိုင်နေသူများဟု အာဏာပိုင်များက ပြောသည်။
မီးရထားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပီယွပ်ဂိုရယ်လ်နှင့် စကားပြောဆိုခဲ့ပြီး အခြေအနေကို စောင့် ကြည့်ရန် ပြောကြားခဲ့ကြောင်း၊ အတတ်နိုင်ဆုံး အကူအညီပေးလျက်ရှိကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ က တွစ်တာ၌ ရေးသားခဲ့သည်။ အောက်လွှတ်တော်နာယက အွမ်ဘာလာက ယခုဖြစ်ရပ်မှာ အလွန်ဝမ်းနည်းစရာ ဖြစ်ပြီး ကံဆိုးသောဖြစ်ရပ်ဟု တွစ်တာ၌ ရေးသားခဲ့သည်။

တစ်နိုင်ငံလုံး အသွားအလာကန့်သတ်မှု ပြုလုပ်ထားစဉ် တိုင်းပြည်တစ်ဝန်း သောင်တင်နေသော ရွှေ့ ပြောင်းလုပ်သားများက မွေးရပ်မြေပြည်နယ်များသို့ ပြန်နေကြစဉ် ယခုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရွှေ့ပြောင်း လုပ်သားအချို့မှာ ပို့ဆောင်ရေးစနစ် အခက်အခဲများကြောင့် မွေးရပ်မြေပြည်နယ်များသို့ ရှည်လျားသောခရီး လမ်း လျောက်ပြန်ခဲ့ကြသည်။

–ကိုးကား–

ပီတီအိုင်
Ref; 15 migrants returning to Madhya Pradesh run over by goods train, inquiry ordered


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။