Trending Now

မအူပင်မြို့နယ်တွင် စက်လှေသမား ၄ ဦးနှင့် ဘင်္ဂါလီ ၅၄ ဦးဖမ်းဆီးရမိ

Spread the love

မအူပင်မြို့နယ်တွင် စက်လှေသမား ၄ ဦးနှင့် ဘင်္ဂါလီ ၅၄ ဦးဖမ်းဆီးရမိ

EPN
အောက်တိုဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်မြို့နယ်၊ ကျွဲဒုံးကျေးရွာ အုပ်စု၊ အောက်ထုံးကျေးရွာအနီး တိုးမြစ်အတွင်းမှ စက်လှေဖြင့်ဝင်လာသည့် ဘင်္ဂါလီ ၅၄ ဦးနှင့် စက်လှေ သမား ၄ ဦးကို အောက်တိုဘာ ၂၂ ရက် မနက်က ဖမ်းဆီးရမိခဲ့ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

ဖမ်းဆီးရမိသည့် ဘင်္ဂါလီ ၅၄ ဦးသည် အမျိုးသား ၃၇ ဦး ၊အမျိုးသမီး ၁၃ ဦးနှင့် အသက်မပြည့်သေးသည့် ကလေး ၄ ဦးဖြစ်ပြီး ဘင်္ဂါလီများကို စက်လှေဖြင့်အငှားလိုက်ပို့ သည့် အမျိုးသား ၄ ဦးပါ ဖမ်းမိခဲ့ကြောင်း တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။

”လုံခြုံရေးတွေက တိုးမြစ်ထဲမှာ စစ်ဆေးတာတွေ လုပ်နေတဲ့ အချိန် ဖမ်းမိတာ ၊ စက်လှေအငှားလိုက်လာ တဲ့သူ ၄ ဦးနဲ့ အားလုံး ၅၈ ဦး ၊ ရခိုင်ပြည်နယ်ကနေ လာတာပါ ၊ တာပေါ်လင် မိုးအကာစတွေနဲ့ စက်လှေထဲမှာ အုပ်ခေါ်လာတာ ၊ ဖမ်းမိတဲ့သူတွေကိုစနစ်တကျ စစ်ဆေး နေတယ် ၊ မအူပင်မှာကတော့ အခုနှစ်ထဲမှာ ဘင်္ဂါလီဖမ်း မိတာ ပထမဆုံးပဲ ။”ဟု ၎င်းကပြောသည်။

ဖမ်းဆီးရမိသည့် ဘင်္ဂါလီ ၅၄ ဦးနှင့် စက်လှေ အငှားလိုက် ပို့သူ ၄ ဦး စုစုပေါင်း ၅၈ ဦးကို မအူပင်မြို့နယ်၊ ရွှေတောင်မှော်တိုက်နယ် ၊ နယ်မြေ ရဲစခန်းတွင် ထိန်းသိမ်း စစ်ဆေး နေကြောင်း သိရသည်။

မအူပင်မြို့နယ်တွင် ယခုနှစ်အတွင်း ဘင်္ဂါလီများကို ဖမ်းမိသည့်ဖြစ်စဉ်မှာ ပထမဆုံးဖြစ်ပြီး ပြီးခဲ့သည့် သြဂုတ် ၁၅ ရက်က ဝါးခယ်မမြို့နယ် ၊ သရက်မြိုက်တံတားအနီးတွင်စက်လှေဖြင့် ဝင်လာသည့် ဘင်္ဂါလီ အမျိုးသား ၃၀ ဦးနှင့် အမျိုးသမီး ၂၆ ဦး စုစုပေါင်း ၅၆ ဦးကိုဖမ်းဆီးရမိခဲ့ သေးကြောင်း သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။