Trending Now

ကယားပြည်နယ်နေ့အထိမ်းအမှတ်မုခ်ဦးဖွင့်ပွဲအား ပစ်ခတ်တိုက်ခိုက်မှုအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ (၂၆) ပါတီ ထုတ်ပြန်

Spread the love

ကယားပြည်နယ်နေ့အထိမ်းအမှတ်မုခ်ဦးဖွင့်ပွဲအား ပစ်ခတ်တိုက်ခိုက်မှုအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ (၂၆) ပါတီ ထုတ်ပြန်

EPN
နေပြည်တော်၊ ဇန်နဝါရီ ၁၇

(၇၁) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ်မုခ်ဦးဖွင့်ပွဲအား ပစ်ခတ်တိုက်ခိုက်မှုအပေါ် ပြင်းထန်စွာကန့် ကွက်ရှုတ်ချကြောင်း ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၆ ပါတီမှ ပူးတွဲထုတ်ပြန်လိုက်သည်။

ဇန်နဝါရီ ၁၅ ရက်နံနက်ပိုင်းကကျင်းပခဲ့သည့် (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲ အခမ်းအနားကို KNPP အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက လွိုင်ကော်မြို့၏ အရှေ့မြောက်ဘက် မီတာ (၄၀၀၀) ခန့်အကွာမှ လက်နက်ကြီးများဖြင့် လူမဆန်စွာပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် အခမ်းအနားကျင်းပရာ ပြည်နယ်ခန်းမအနီးနှင့်လူနေရပ်ကွက်များအတွင်းသို့ လက် နက်ကြီးကျည်များကျရောက်ပေါက်ကွဲခဲ့၍ လုံခြုံရေးအဖွဲ့ဝင်အချို့၊ ကျောင်းသား၊ကျောင်းသူ ကလေးငယ် ၆ ဦး၊ အရပ်သား အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရပ်သား အမျိုးသား ၁ ဦး သေဆုံး ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

KNPP အဖွဲ့နှင့် PDF အကြမ်းဖက်သမားများသည် ဒေသခံတိုင်းရင်းသားများ၏ အထိမ်းအမှတ်အခမ်းအနားကို ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများကို အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးစေခြင်း၊ နယ်မြေတည်ငြိမ်အေးချမ်းမှု ကိုနှောင့်ယှက်ဖျက်ဆီးစေခြင်းစသည့် ယုတ်မာရက်စက်သည့်အကြံဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထုတ် ပြန်ထားသည်။

သို့ဖြစ်၍ (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့ မုခ်ဦးဖွင့်ပွဲအခမ်းအနားတွင် KNPP နှင့် PDF အဖွဲ့၏ လူ မဆန်စွာယုတ်မာရက်စက်သည့်အကြံဖြင့် ပစ်ခတ်တိုက်ခိုက်မှုအား ကျွန်ုပ်တို့နိုင်ငံရေးပါတီများက လုံးဝ (လုံးဝ)လက်မခံကြောင်းနှင့် ပြင်းထန်စွာကန့်ကွက်ရှုံ့ချကြောင်း နိုင်ငံရေးပါတီ (၂၆) ပါတီမှ ထုတ်ပြန်ထား သည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။