Trending Now

ကမ္ဘာ့ကျော်မင်းသားကြီး Bruce Willis ဟာ စိတ်ဖောက်ပြန်မှုရောဂါခံစားနေရ

Spread the love

ကမ္ဘာ့ကျော်မင်းသားကြီး Bruce Willis ဟာ စိတ်ဖောက်ပြန်မှုရောဂါခံစားနေရ

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၇

ကမ္ဘာ့ကျော်မင်းသားကြီး Bruce Willis ဟာ (Dementia) စိတ်ဖောက်ပြန်မှုရောဂါ ခံစားနေရတယ်လို့ သူ့မိသားစုက ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Die Hard လို နာမည်ကြီးရုပ်ရှင်ဇတ်ကားတွေ ရိုက်ကူးခဲ့တဲ့ Willis ဟာ စကားပြောဆိုနိုင်မှု ချို့ယွင်းတဲ့ ဝေဒနာကို ခံစားနေရပြီးနောက် ၂၀၂၂ ခုနှစ်မှာ ရုပ်ရှင် သရုပ်ဆောင်အဖြစ်ကနေ အနားယူခဲ့ပါတယ်။

“ရှင်းလင်းတဲ့ ရောဂါအဖြေကို ရရှိခဲ့လို့ သက်သာရာရခဲ့ပေမယ့် ဒီနေ့အထိတော့ ရောဂါအတွက် ကုသနည်းမရှိသေးပါဘူး လာမယ့်နှစ်တွေမှာ ကုသနိုင်မယ့် နည်းလမ်းကို ရှာတွေ့မယ်လို့ မျှော်လင့်ပါတယ်” လို့ သူ့မိသားစုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အသက် ၆၇ နှစ်အရွယ် Willis ခံစားနေရတဲ့ Frontotemporal dementia ရောဂါဟာ အမူအကျင့် နဲ့ ဘာသာစကားဆိုင်ရာ ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်တဲ့ “ပုံမှန်မဟုတ်သော” ရောဂါတစ်မျိုးဖြစ်ပါတယ်။

ဒီရောဂါဟာ မှတ်ဉာဏ်ဆိုင်ရာ ချို့ယွင်းမှုတွေအပြင် စာကားပြောဆိုနိုင်မှု၊ စာရေးသားနိုင်မှုတွေကို ခံစားရနိုင်ပြီး ရောဂါလက္ခဏာဟာ အစပိုင်းမှာ မပြင်းထန်ပေမယ့် အကြာချိန်ကြာလာတာနဲ့ အမျှ ပိုမိုဆိုးရွားလာမှာ ဖြစ်ပါတယ်။

Ref; Bruce Willis has dementia, his family announces

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။