Trending Now

ငွေစက္ကူအတုကိစ္စ စိုးရိမ်ပူပန်မှုမရှိရန်နှင့် လက်ရှိအသုံးပြုသော်ငွေစက္ကူများကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ရန် အစီအစဉ်မရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော

Spread the love

ငွေစက္ကူအတုကိစ္စ စိုးရိမ်ပူပန်မှုမရှိရန်နှင့် လက်ရှိအသုံးပြုသော်ငွေစက္ကူများကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ရန် အစီအစဉ်မရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော

EPN

မြစ်ကြီးနား ၊ မတ် ၂၄

အွန်လိုင်းပေါ်တွင် ပျံနှံ့နေသည့် ငွေစက္ကူအတုကိစ္စ အပေါ် စိုးရိမ်ပူပန်မှုမရှိရန်နှင့် လက်ရှိအသုံးပြုသော် ငွေစက္ကူများကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ရန် အစီအစဉ်မရှိကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ပြောရေးဆိုခွင့်ရှိသူ၊ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။

ယနေ့ မတ်လ ၂၄ ရက်နေ့ နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင် ပြုလုပ်သည့် ၁၂ ကြိမ်မြောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းစာရှင်းလင်းပွဲ အခမ်းအနားတွင် ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

အင်တာနက်စာမျက်နှာများပေါ်တွင် ငွေစက္ကူအတုများ ရောင်းချခြင်းဆိုသည်မှာ အရောင်းအဝယ်ပြုလုပ်ခြင်းမဟုတ်ဘဲ အွန်လိုင်းပေါ်တွင်ယုံကြည်အောင်ပြောဆို၍ ကြိုတင်လွှဲပို့သော ငွေများကို လိမ်လည်ရယူနေခြင်းများ တွေ့ရကြောင်း ၎င်းက ပြောကြားသည်။

“ငွေသုံးသောင်းစရန်တောင်းခံပြီး ငွေရရှိပါက ကျွန်တော်တို့ ထပ်မံဆက်သွယ်လို့မရဘဲ ဖုန်းပိတ်ထားတာမျိုးတွေ၊ အကောင့်ဖျက်ပြီး ပြေးတာမျိုးတွေကျွန်တော်တို့ လုပ်ဆောင်ကြတာ တွေ့ပါတယ်။ နောက်တစ်ခုကတော့ ငွေစက္ကူအတုတွေ ဘယ်နေရာမှာ ချထားမယ်။ သွားယူပါဆိုတဲ့ ငွေကြိုလွှဲခိုင်းပြီးတော့ ဖုန်းပိတ်သွားတာတို့၊ လိမ်သွားတာတို့ကိုလည်း စုံစမ်းတွေ့ရှိရပါတယ်”ဟု ူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ကြောင့် ကောလာဟလအပေါ် စိုးရိမ်ပူပန်မှုမရှိရန်နှင့်၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၆ (င) အရ နိုင်ငံတော်သည် တရားဝင်ထုတ်ဝေထားသော ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြုဟု ပြဋ္ဌာန်းထားပြီး ယင်းအတွက်ကြောင့် ပြည်သူလူထုအနေဖြင့် ယုံကြည်စွာသုံးစွဲနိုင်ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။

“၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၃၆ (င) အရ နိုင်ငံတော်သည် တရားဝင်ထုတ်ဝေထားသော ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြုလို့ ပြဋ္ဌာန်းထားပါတယ်။ အဲဒီအတွက်ကြောင့် စိုးရိမ်ပူပန်မှုမရှိဘဲ ယုံကြည်စွာသုံးစွဲနိုင်ကြောင်း ကျွန်တော့်အနေနဲ့ အသိပေးပြောကြားလိုပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ယခုနှစ် မတ်လအတွင်း အွန်လိုင်းပေါ်မှ ငွေစက္ကူအတု လိမ်လည်ရောင်းချခြင်းနှင့်ပတ်သက်၍ အမှုပေါင်း ခုနစ် မှု ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ဗဟိုဘဏ်၏မှတ်တမ်းများအရ ငွေစက္ကူအတု ဖမ်းဆီးရမိမှုများမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၁၉ ကြိမ်၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ခြောက်ကြိမ်၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ၂၅ ကြိမ် ဖမ်းဆီးရမိမှုများ ရှိခဲ့ကြောင်း သိရသည်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။