Trending Now

မြန်မာ-တရုတ်နယ်စပ်တွင် Business Visa ကိုင်ဆောင်ထားသည့် ခရီးသွားများကို အောက်တိုဘာ ၁ ရက်နေ့မှ စတင်ကာ ဝင်-ထွက်ခွင့်ပြု

Spread the love

မြန်မာ-တရုတ်နယ်စပ်တွင် Business Visa ကိုင်ဆောင်ထားသည့် ခရီးသွားများကို အောက်တိုဘာ ၁ ရက်နေ့မှ စတင်ကာ ဝင်-ထွက်ခွင့်ပြု

EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ရှိ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် အောက်တိုဘာ ၁ ရက်မှ စတင်ကာ တရားဝင် Business Visa ကိုင်ဆောင်ထားသည့် ခရီးသွားများကို ဝင်-ထွက်ခွင့်ပြုခဲ့ကြောင်း နိုင်ငံပိုင်သတင်းတွင် ဖော်ပြထားသည်။

မူဆယ်-ရွှေလီနယ်စပ် နန်းတော်စစ်ဆေးရေးဂိတ်တွင် အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက တရားဝင် ဝင်ရောက်ခွင့်အစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့ပြီး မူဆယ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်း၊ တိုင်းဒေသကြီးနှင့် မြို့နယ်တာဝန်ရှိသူများ၊ တရုတ်နိုင်ငံ ရွှေလီမြို့တော်ဝန်နှင့် အခြားကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။

အဲ့ဒီနောက် တရုတ်နိုင်ငံသား Mr Wu Chunming ကို တရားဝင် Business Visa ဖြင့် ဝင်ထွက်ခွင့် ပေးအပ်ခဲ့ပြီး နှစ်ဖက်တာဝန်ရှိသူများမှ ကြိုဆိုလက်ခံကာ ဗီဇာစည်းမျဉ်းများနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းချက်များကို ရင်းရင်းနှီးနှီး ရှင်းပြခဲ့ကြောင်းသိရသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။