Trending Now

ထိုင်းနိုင်ငံက ကာစီနိုလောင်းကစားဝိုင်းတွေကို တရားဝင်ခွင့်ပြုဖို့ ပြင်ဆင်

Spread the love

ထိုင်းနိုင်ငံက ကာစီနိုလောင်းကစားဝိုင်းတွေကို တရားဝင်ခွင့်ပြုဖို့ ပြင်ဆင်

EPN
နိုင်ငံတကာ၊ မတ် ၂၉

ထိုင်းနိုင်ငံက နိုင်ငံတော်ဘဏ္ဍာငွေ ပိုမိုရရှိပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးနိုင်ဖို့နဲ့ ပြည်ပခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့အတွက် ကာစီနိုလောင်းကစားဝိုင်းတွေကို တရားဝင်ခွင့်ပြုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ကာစီနိုဝိုင်းတွေကို တရားဝင်ခွင့်ပြုဖို့ အောက်လွတ်တော်မှာ ကြာသာပတေးနေ့က မဲခွဲဆုံးဖြတ်မှုတစ်ခုပြုလုပ်ခဲ့ပြီး လွှတ်တော်ကိုယ်စာလှယ် ၂၅၇ ဦးအနက် စုစုပေါင်း ၂၅၃ ဦးက အဆိုပါအစီအစဉ်ကို ထောက်ခံခဲ့ကြတယ်လို့ သိရပါတယ်။

ကာစီနိုဥပဒေမှုကြမ်းကို လွတ်တော်က အတည်ပြုပါက အလုပ်အကိုင်နဲ့ နိုင်ငံတော်ဝင်ငွေပိုမိုရရှိစေကာ ကြီးမားတဲ့ ဖျော်ဖြေရေး ပရောဂျက်တစ်ခုကို ဖန်းတီးနိုင်မှာဖြစ်တယ်လို့လည်း ဝန်ကြီးချုပ် ဆရာက်သာဝစ်ဆင်က ဒီနေ့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ ကာစီနိုလုပ်ငန်းကို ယှဉ်ပြိုင်ဖို့ စဉ်းစားနေတဲ့ နောက်ဆုံးနိုင်ငံဖြစ်လာပြီး တရားဝင်ခွင့်ပြုမယ်ဆိုပါက ခရီးသွားလုပ်ငန်းမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံခန့်ကို မြှင့်တင်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

“ကျွန်တော်တို့ လူ့အဖွဲ့အစည်းအနေနဲ့ လောင်းကစားကို ဖုန်းကွယ်ထားတာထက် မှန်ကန်စွာထိန်းကျောင်းဖို့ အချိန်တန်ပါပြီ။ ဥပဒေက ဘယ်အချိန်မှာအတည်ပြုပြီး စတင်လည်ပတ်နိုင်မလဲဆိုတာတော့ မသေခြာပါဘူး။ ကြားဖြတ်ကာလအတွင်းမှာတော့ အဲဒီတရားမဝင်လှုပ်ရှားမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လိုပါတယ်။” လို့ ဝန်ကြီးချုပ် ဆရက်သာ ကပြောပါတယ်။

ref; Bangkokpost


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။