Trending Now

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၂၂ ခု အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့

Spread the love

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၂၂ ခု အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့

EPN
မြစ်ကြီးနား၊ မတ် ၄ (၂၀၂၄)

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်၊ လေရှီးနှင့် နန်းယွန်းမြို့နယ်များတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၂၂ ခု အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

လဟယ်မြို့နယ် လဟယ်-လေရှီး မြို့နယ်ချင်းဆက်လမ်း (လဟယ်ဘက်ခြမ်း) မြေသားလမ်း ၅ မိုင်နှင့် Box Culvert အစင်း ၂၀ တည်ဆောက်ရေး လုပ်ငန်းများကို နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ ၅၀၀ ဒဿမ ၆၁၈ ကျပ်သန်းဖြင့် သတ်မှတ်ချိန်ကာလအတွင်း ရာခိုင်နှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

၎င်းအပြင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်၊ လေရှီးနှင့် နန်းယွန်းမြို့နယ်များတွင် လမ်းတံတားလုပ်ငန်း၊ အဆောက်အအုံဆောက်လုပ်ရေးလုပ်ငန်း၊ သာသနာရေးလုပ်ငန်း၊ တန်ဖိုးနည်း အိမ်ရာတည်ဆောက်ရေးလုပ်ငန်း စသည်ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်း ၂၂ ခုကို ခွင့်ပြုရန်ပုံငွေ ၂၃၈၉ ဒဿမ ၉၇၁ ကျပ်သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။