Trending Now

ဂန့်ဂေါမြို့နယ် မြောက်ပိုင်းမှာ ဆက်ကြေး လာကောက်တဲ့ အကြမ်းဖက်သမား ၃ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အသေဖမ်းမိ

Spread the love

ဂန့်ဂေါမြို့နယ် မြောက်ပိုင်းမှာ ဆက်ကြေး လာကောက်တဲ့ အကြမ်းဖက်သမား ၃ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အသေဖမ်းမိ

EPN
ဂန့်ဂေါ ၊ မတ် ၃၁

မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ၊ ဂန့်ဂေါ – ကလေးကားလမ်း ၊ မြောက်ခင်ရန်းကျေးရွာမှာ ဆက်ကြေးလာကောက်တဲ့ အကြမ်းဖက်သမား ၃ ဦးကို ဒီကနေ့ နေ့ခင်းပိုင်းက လက်နက်ခဲယမ်းတွေနဲ့အတူ အသေဖမ်းမိတယ်လို့ မြောက်ခင်ရန်းရွာခံတွေဆီက သိရပါတယ်။

” ဆိုင်ကယ် နှစ်စီး လူသုံးယောက် ၊ လက်နက်အပြည့်စုံနဲ့ လာတာဖြစ်တယ် ၊ ကျေးရွာလုံခြုံရေး ပူပေါင်းအဖွဲ့နဲ့ ထိပ်တိုက်တွေ့တော့ ပစ်ကြတာ ၊ ရွာကို ဆက်ကြေးလာကောက်တဲ့သူ သုံးယောက်စလုံး သေတယ် ” လို့ မြောက်ခင်ရန်းရွာခံ တစ်ယောက်က ပြောပါတယ်။

အကြမ်းဖက်သမား ၃ ဦး အဲ့ဒီ မြောက်ခင်ရန်းကျေးရွာဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ရွာရဲ့ အရှေ့ပိုင်းမှာရှိတဲ့ အသေဖမ်းမိတာနဲ့ ပတ်သက်ပြီး ဂန့်ဂေါမြို့နယ် လုံခြုံရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦး ပြောတာက ” ဖြစ်တာက ဒီကနေ့ နေ့ခင်း ၁၂ နာရီဝန်းကျင်က ဖြစ်တာပါ အကြမ်းဖက်သမား ၃ လောင်း၊ AK-47 သေနတ် ၁ လက်၊ တစ်လုံးထိုးသေနတ် ၁ လက်၊ AK ကျည်အိမ် ၂ ခု၊ AK-47 ကျည် ၇၀ တောင့်၊ ၁၂ ဘို့ကျည် ၅ တောင့်၊ အနက်ရောင်ကျည်ကာအင်္ကျီ ၂ ထည်၊ ဆိုင်ကယ် ၂ စီး တို့ သိမ်းဆီးရမိတာ ” လို့ ဖြစ်ပါတယ်။

လူနေအိမ် ၇၀ ကျော်ကို အကြမ်းဖက်သမား လူ ၂၀၀ ဝန်းကျင်က ဝင်ရောက္မီးရှို့ဖျက်စီးတာကို ခံရသေးတယ်လို့ သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။