Trending Now

ဧရာဝတီတိုင်းတွင် ယခုလအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ သုံးထောင့်နှစ်ရာခန့် ရှိလာ

Spread the love

ဧရာဝတီတိုင်းတွင် ယခုလအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ သုံးထောင့်နှစ်ရာခန့် ရှိလာ
EPN
ပုသိမ်၊ ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီးတွင် ယခုလ ၂၁ ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၂၀၀ ဦးခန့် ရှိလာကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ယခုနှစ်ဖေဖော်ဝါရီ ၁ ရက်စတင်ကာ ကိုဗစ်-၁၉ရောဂါကူးစက်မှုများပြန်လည် ဖြစ်ပွားလာခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက်မှ ၂၁ ရက် အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာစုစုပေါင်း ၃၂၀၀ ဦး အထိ ရှိလာပြီ ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် ၂၆ မြို့နယ်အနက် ပုသိမ်မြို့နယ်၊ အင်္ဂပူမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရေကြည်မြို့နယ်နှင့် မအူပင်မြို့နယ်တို့တွင် အများရောဂါ အများဆုံး ကူးစက်ခံမှုများဖြစ်ပွားနေကြောင်းနှင့် နေ့စဉ်ရောဂါ ပိုးတွေ့ရှိမှု ဆယ်ဂဏန်းနှင့် အထက်တွင်ရှိကြောင်း သိရသည်။
”မြို့အဝင် ခရီးသွားများအား စစ်ဆေးရာမှာ နေ့စဉ် ဆယ်ဂဏန်းထက်မနည်းကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိနေပါတယ်။ တစ်တိုင်းလုံးအနေနဲ့က တစ်နေ့ကို ၃၀၀ နဲ့ ၄၀၀ ကြားတွေ့ရှိနေပါတယ်။ ရောဂါကူးစက်မှုနှုန်းကတက်နေဆဲမို့ ပြည်သူတွေ အနေနဲ့ မပေါ့ဖို့ ပြောချင်ပါတယ်။”ဟု ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ အတည်ပြုလူနာ ၃၂၀၀ ဦးတွင် ကျောင်းသား၊ ကျောင်းသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ခရီးသွားပြည်သူများ အများစု ပါဝင်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ရက် ၂၀ အတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ၅ ဦးရှိပြီး ပုသိမ်မြို့နယ်မှ တစ်ဦး၊မော်လမြိုင်ကျွန်းမြို့နယ်မှတစ်ဦး၊ ဘိုကလေးမြို့ နယ်မှတစ်ဦး၊ ဖျာပုံမြို့နယ်မှ တစ်ဦး၊ အင်္ဂပူမြို့နယ်မှတစ်ဦး ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ယခုလ ၂၁ ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၂၀၀ ဦး အနက် သေဆုံးသူ အနည်းငယ် ရှိ‌သော်လည်း အများစုမှ သက်သာ ပျောက်ကင်းနေပြီ ဖြစ်ကြောင်း သိရသည်။
သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။