Trending Now

ဟန်တာဗိုင်းရပ်စ်ကြောင့်သေဆုံးမှုကို တရုတ်ပညာရှင်များ စုံစမ်းစစ်ဆေးနေ

Spread the love

ဟန်တာဗိုင်းရပ်စ်ကြောင့်သေဆုံးမှုကို တရုတ်ပညာရှင်များ စုံစမ်းစစ်ဆေးနေ
 

EPN
နိုင်ငံတကာ မတ် ၂၅

တရုတ်နိုင်ငံအနောက်တောင်ပိုင်းယူနန်ပြည်နယ်တွင် ဟန်တာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုဖြစ်ပြီးနောက် ဗိုင်း ရပ်စ် ပျံ့နှံ့မှုရှိ၊ မရှိ ကျွမ်းကျင်သူများ စုံစမ်းစစ်ဆေးနေကြသည်။

ယူနန်မှာစီရင်စုတစ်ခုရှိ ဟန်တာဗိုင်းရပ်စ်ကူးစက်ခံထားရသူ အမျိုးသားတစ်ယောက် တနင်္လာနေ့တွင် သေဆုံး ခဲ့ပြီးနောက် စတင်စုံစမ်းနေခြင်းဖြစ်သည်။

ထိုအမျိုးသားမှာ တရုတ်နိုင်ငံအရှေ့တောင်ပိုင်းရှိ ရှန်ဒေါင်းပြည်နယ်တွင် အလုပ်လုပ်ပြီး အိမ်ပြန်လာသူဖြစ် သည်။

ကန်ယွမ်ခရိုင်မှ ပြန်လာသည့်ကားပေါ်တွင် မိသားစုအမည် တျန်ဆိုသည့် သေဆုံးသူအပါအဝင် ရွှေ့ပြောင်း လုပ်သား ၃၀ ယောက်၊ ယာဉ်မောင်း ၂ ယောက်နှင့် ဆေးဝန်ထမ်းတစ်ယောက်ပါဝင်သည်။

တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှန်းရှီပြည်နယ်မှ နင်ရှန်းစီရင်စုတွင် ဗိုင်းရပ်စ်ကူးစက်ခံရသည့် လက္ခဏာ များ ပြခဲ့ပြီးနောက် သူနှင့် အဖျားလက္ခဏာပြသည့် အခြား ၂ ယောက်ကို ဆေးရုံပို့ဆောင်ခဲ့သည်။

၄ နာရီအကြာတွင် တျန်က ဟန်တာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုနိုင်ပြီး သေဆုံးခဲ့သည်။

နောက်ထပ် ၂ ယောက်တွင်တော့ ဟန်တာဗိုင်းရပ်စ်ရော၊ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် nCov-19(COVID-19 ရောဂါဖြစ်စေသည့်ဗိုင်းရပ်စ်)မတွေ့ရှိကြောင်း တွေ့ရပြီးနောက် ဆေးရုံမှဆင်းခွင့်ပြုခဲ့သည်။

ဟန်တာဗိုင်းရပ်စ်ပျံ့နှံ့မှုရှိ၊ မရှိ စစ်ဆေးမည့်ကန်ယွမ်ကောင်တီသို့ ရောက်ရှိနေပြီး အရေပြားတွင်ထိတွေ့မှုရှိ၊ မရှိစစ်ဆေးမည်ဖြစ်ကြောင်း စစ်ဆေးနေသည့်အဖွဲ့တွင်ပါဝင်သည့် ကျွမ်းကျင်သူဇိုရှိဖူက တရုတ်အစိုးရပိုင် CGTN သတင်းဌာနကိုပြောသည်။

ယူနန်တွင် ၂၀၁၅ မှ ၂၀၁၉ ခုနှစ်အတွင်း ဟန်တာဗိုင်းရပ်စ်ကူးစက်မှု ၁၂၃၁ မှုရှိခဲ့ပြီး သေဆုံးသူတစ်ယောက် ရှိခဲ့သော်လည်း ကန်ယွမ်တွင်သေဆုံးသူမရှိကြောင်း ဇိုကပြောသည်။

ဟန်တာဗိုင်းရပ်စ်မှာ ကြွက်နှင့်ရှဉ့်များမှ အဓိကကူးစက်ပြီး လူများတွင် ရောဂါအမျိူးမျိုးဖြစ်နိုင်သည့် ဗိုင်းရပ်စ် ဖြစ်သည်။

ဟန်တာဗိုင်းရပ်စ်အဆုတ်ရောဂါ(HPS)နှင့် သွေးလွန်တုပ်ကွေးဆီးရောဂါ (HFRS) တို့ ဖြစ်နိုင်သည့် ဗိုင်းရပ်စ် ဖြစ်သည်။

လေထုထဲမှမကူးစက်သော်လည်း ကြွက်၊ ရှဉ့်ဆီး၊ မစင်နှင့် တံတွေးများနှင့် ထိတွေ့မှုနှင့် ကူးစက်ခံအကောင် တစ်ကောင်ကိုက်ခံရမှုတို့ဖြင့် ကူးစက်နိုင်သည်။

ထို့အပြင် လူလူချင်းမကူးစက်နိုင်ဘဲ အုပ်စု ခ ကူးစက်ရောဂါများဖြစ်ပွားနိုင်သည့်ဗိုင်းရပ်စ်အဖြစ် တရုတ်နိုင်ငံ တွင်သတ်မှတ်ထားသည်။

အစောပိုင်းလက္ခဏာများတွင် နုံးချိခြင်း၊ ဖျားနာခြင်း၊ ကြွက်သားများနှင့် ခေါင်းကိုက်ခြင်း၊ မူးဝေမှု၊ ချမ်းတုန်မှုနှင့် ဗိုက်နာမှုများပါဝင်သည်။

မကုသဘဲထားပါက ချောင်းဆိုးပြီး အသက်ရှူကြပ်လာသည့်အပြင် သေဆုံးမှုအထိဖြစ်နိုင်သည်။

တုပ်ကွေးဖြစ်ပွားမှုကို ကာကွယ်ဆေးထိုးထားနိုင်ပြီး သန့်သန့်ရှင်းရှင်းနေရန်၊ တစ်ကိုယ်ရေ ကျန်းမာရေး ဂရုစိုက်ရန်၊ ကြွက်များနေထိုင်သည့်နေရာများကိုသုတ်သင်ရန်နှင့် အရေပြားထိခိုက်မှုမဖြစ်ရေး တစ်ကိုယ်ရေ ကာကွယ်မှု မြှင့်တင်ရန်တို့ လုပ်သင့်ကြောင်းလည်း ဇိုကပြောသည်။

Ref: China Medical Experts Imvestigate Hanta Virus Death

#EPN #HantaVirus


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။