Trending Now

ရေး – မော်လမြိုင် ကားလမ်းပေါ်တွင် ခရီးသည် မှန်လုံယာဉ် ပစ်ခတ်ခံရပြီး ခရီးသည်နှစ်ဦး ဒဏ်ရာရရှိခဲ့

Spread the love

ရေး – မော်လမြိုင် ကားလမ်းပေါ်တွင် ခရီးသည် မှန်လုံယာဉ် ပစ်ခတ်ခံရပြီး ခရီးသည်နှစ်ဦး ဒဏ်ရာရရှိခဲ့

EPN
ရေး၊ ဩဂုတ် ၂၅

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး – မော်လမြိုင်ကားလမ်းပိုင်း၊ လိမ္မော်ခြံကျေးရွာအရောက်တွင် ခရီးသည်တင်မှန်လုံယာဉ်
တစ်စီး ယမန့်နေ့ (ဩဂုတ် ၂၄ ရက်နေ့)၊ မနက်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်မှုခံရပြီး ခရီးသည်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများနှင့် နီးစပ်သူများထံမှ သိရသည်။

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ခရီးသည်တင်မှန်လုံယာဉ်သည် ရန်ကုန်မှ မြိတ်သို့ ထွက်ခွာလာသည့် “ရွှေပုလဲသီ” ခရီးသည်တင်ယာဉ်ဖြစ်ပြီး ခရီးသည် ၃၃ ဦး တင်ဆောင်မောင်းနှင်လာစဉ် လိမ္မော်ခြံကျေးရွာ အရောက်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်များဖြစ်သည့် ဦးတင်ထွေးနှင့် အမျိုးသမီး မဝါဝါဝင်းတို့ ထိခိုက်ဒဏ် ရာများ ရရှိခဲ့ကြောင်း တာဝန်ရှိသူများနှင့် နီးစပ်သူတစ်ဦး ကပြောသည်။

” ဖြစ်တာက မနေ့ မနက်ပိုင်းက ဖြစ်တာ။ ခရီးသည် ၂ ယောက် ဒဏ်ရာရရှိခဲ့တာဟုတ်တယ်။ ဒဏ်ရာရရှိသူတွေကို ရေးမြို့ဆေးခန်းမှ ဆေးကုသမှုခံယူခဲ့တယ်။ လက်ရှိ သက်သာပါပြီ။ ခရီးသည်ယာဉ်လည်း မြိတ်ကို ဆက်လက်ထွက်ခွာသွားပြီ ” ဟု ၎င်းကပြောသည်။
အဆိုပါ ခရီးသည်တင် မှန်လုံယာဉ်အား KNU နှင့် PDF များက လက်နက်ငယ်ဖြင့် ချောင်းမြောင်းပစ်ခတ်ခြင်းဖြစ်
သည်ဟု သက်ဆိုင်ရာမှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ လမ်းပိုင်းကို ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်မှ စတင်၍ KNLA/KNU တပ်မဟာ (၆)၊ တပ်ရင်း (၂၇)က မော်လမြိုင်မှအမှတ် (၈) လမ်းမကြီးတစ်လျှောက် မော်တော်ယာဉ်များအား စစ်ဆေးမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည့် လမ်းပိုင်းဖြစ်ကြောင်း သိရသည်။

အလင်း
Photos: – CJ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။