Trending Now

မြိုင်မြို့နယ်မှာ အာဂန္တု ရဟန်းတစ်ပါး ကျောင်းထဲမှာ သီတင်းသုံးနေစဥ် အကြမ်းဖက်သမားတွေက ဝင်ရောက်သတ်ဖြတ်

Spread the love

မြိုင်မြို့နယ်မှာ အာဂန္တု ရဟန်းတစ်ပါး ကျောင်းထဲမှာ သီတင်းသုံးနေစဥ် အကြမ်းဖက်သမားတွေက ဝင်ရောက်သတ်ဖြတ်

EPN
မြိုင်၊ ဧပြီ ၄

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာအုပ်စု၊ ဝါးရင်းချိုင်ကျေးရွာက ဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ ရဟန်းတစ်ပါးကို ဧပြီ ၃ ရက် မနေ့က နေ့ခင်းပိုင်းမှာ အကြမ်းဖက်သမားတွေက ဝင်ရောက်သတ်ဖြတ်သွားတယ်လို့ မြိုင်မြို့ခံတွေဆီက သိရပါတယ်။

” ဝါးရင်းချိုင်ကျေးရွာက သီရိမဂ်လာ ဘုန်းကြီးကျောင်းတိုက်မှာ ခေတ္တခဏ လာရောက်တည်းခို သီတင်းသုံးနေတဲ့ အဂန္ဒု ဆရာတော် ဥူးကုသလ ကို အကြမ်းဖက် သမားတွေက ကျောင်းထဲဝင်ပြီး သတ်သွားတာ ” လို့ ဝါးရင်းချိုင်ရွာခံ တစ်ယောက်က ပြောပါတယ်။

အကြမ်းသမားတွေရဲ့ သတ်ဖြတ်ခြင်းကို ခံရတဲ့ အာဂန္တု ဆရာတော် ဥူးကုသလဟာ သေနတ်ကျည်ဆံထိမှန်၊ ဓားဒဏ်ရာတွေရရှိပြီး အခင်းဖြစ်နေရာမှာ ပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ လူသတ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး မြိုင်မြို့နယ် ရဲတပ်ဖွဲ့က အမှုဖွင့် စစ်ဆေးနေပြီး ဝါးရင်းချိုင်ကျေးရွာဘက်ကိုလည်း နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ် အကြားက ကိုင်းစံပြကျေးရွာက တောင်ကျောင်းဆရာတော်ကိုလည်း အကြမ်းဖက်သမားတွေက အခုလို ဝင်ရောက်သတ်ဖြတ်ပြီး ကျောင်းပိုင်ကားတစ်စီးနဲ့ ကျောင်းဆောက်လုပ်မယ့် ပိုက်ဆံတွေကို ယူဆောင်သွားခဲ့ပါသေးတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။