Trending Now

မြင်းမူမြို့နယ်မှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့နဲ့ ဒေသခံ PDF တို့အကြား တိုက်ပွဲဖြစ်ပွားပြီး လူ ၁ ရာကျော် ဖမ်းဆီးထား

Spread the love

မြင်းမူမြို့နယ်မှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့နဲ့ ဒေသခံ PDF တို့အကြား တိုက်ပွဲဖြစ်ပွားပြီး လူ ၁ ရာကျော် ဖမ်းဆီးထား

EPN
မြင်းမူ ၊ သြဂုတ် ၂

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ် ၊ လက်ပံကျင်းကျေးရွာနားမှာ မနေ့ သြဂုတ် ၁ ရက် မနက်ပိုင်းက စစ်ကြောင်းအဖွဲ့နဲ့ ဒေသခံ PDF တို့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်နဲ့ ဆက်နွယ်နေသူ လူ ၁ ရာကျော်ကို စစ်ကြောင်းအဖွဲ့က ဖမ်းဆီးထားတယ်လို့ လက်ပံကျင်းရွာခံတွေဆီက သိရပါတယ်။

” PDF တွေ အစည်းဝေးလုပ်နေတဲ့အချိန် စစ်ကြောင်းအဖွဲ့က ဝင်ရောက်ဖမ်းတာပါ ၊ အဖမ်းခံထားရသူ လူ ၁ ရာကျော် ရှိမယ် ” လို့ လက်ပံကျင်း ဒေသခံ တယောက်က ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ ထိတွေ့တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကိုင်းခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက် ပြောတာက
“လက်ပံကျင်းကွာကို နယ်မြေရှင်းလင်းရေး အဖွဲ့က ဝင်စီးဖို့ လုပ်တဲ့အခါ ရွာထိပ်ကနေ စောင့်ကြို ချောင်းမြောင်းတိုက်ခိုက်တာတွေ လုပ်တယ်၊ အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်မှာ PDF အလောင်း (၅) လောင်း၊ လက်လုပ်သေနတ် (၄) လက်၊လက်လုပ်လက်ပစ်ဗုံး (၄)လုံးနဲ့ခဲယမ်းအချို့အပါအဝင် လိုင်စင်မဲ့ကား (၂)စီးကို သိမ်းဆည်းရခဲ့တယ်။

အဲဒီနောက်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကရှာဖွေစစ်ဆေးခဲ့ပြီးရွာရဲ့အ
နောက်မြောက်ဘက် မီတာ (၅၀၀)ဝန်းကျင်အကွာမှာPDF စခန်းတစ်ခုကိုတွေ့ရှိခဲ့ရပြီး စခန်းထဲက လက်
လုပ်သေနတ်(၁၃)လက်၊ လက်လုပ်စိန်ပြောင်း (၄) လက်၊ ကျည်မျိုးစုံ (၁၄၀၀)တောင့်၊ လက်ပစ်ဗုံးမျိုးစုံ (၇)လုံး၊ ၄၀ မမ ဗုံးသီး (၂) လုံးနဲ့ခဲယမ်းပစ္စည်းစုံ၊ ဒရုန်း (၁) စီး၊ လမ်းလျှောက်စကားပြောစက် (၈) လုံး၊ လိုင်စင်မဲ့ကား (၄) စီး၊ လိုင်စင်မဲ့ ဆိုင်ကယ်(၃၀)စီး၊လူနေတဲ (၉) လုံးနဲ့ ဆေးဝါး၊ စားသောက်စရာတွေကို သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် သံသယရှိတဲ့ အမျိုးသား (၄၀) ဦး၊ အမျိုးသမီး (၇၃) ဦးကို ထိန်းသိမ်း စစ်ဆေးနေပြီး ဖြစ်စဥ်မှာ မပါဝင်သူတွေကို ပြန်လွှတ်ပေးသွားမှာဖြစ်ပြီး PDF နဲ့ ဆက်နွယ်သူတွေကို ဥပဒေအရ ဆောင်ရွက်သွားမယ် ” လို့ ပြောပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။