Trending Now

ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု သုံးထောင်ကျော်ကို ထပ်တိုးအစီအစဉ်ဖြင့် ဆက်လက်ထောက်ပံ့

Spread the love

ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု သုံးထောင်ကျော်ကို ထပ်တိုးအစီအစဉ်ဖြင့် ဆက်လက်ထောက်ပံ့

EPN
မိုးကောင်း၊ ဇူလိုင် ၃

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် နိုင်ငံတော်မှ ပထမအကြိမ် ပစ္စည်း(၅)မျိုး ထောက်ပံ့စဉ် အကြောင်း အမျိုးမျိုးကြောင့် ကျန်ခဲ့သော အိမ်ထောင်စုများအား ဇူလိုင်လ (၃) ရက် နေ့က နောက်ဆက်တွဲ ထပ်တိုးအစီအစဉ်ဖြင့် ဆက်လက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့နယ်တွင် ကျေးရွာအုပ်စု (၃၆) အုပ်စုနှင့် မြို့ပေါ်ရပ်ကွက် (၁၄)ရပ်ကွက်မှ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများအား ဧပြီလက ထောက်ပံ့ပေးခဲ့ရာအကြောင်း အမျိုးမျိုးကြောင့် ကျန်ခဲ့သော မြို့ပေါ်ရပ်ကွက် ရပ်ကွက်နှင့် ကျေးရွာ (အုပ်စုများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၃၈၀၈)စုအား နောက်ဆက်တွဲ ထပ်တိုး အစီအစဉ်ဖြင့် တစ်အိမ်ထောင်လျှင် (၁၅၀၀၀)ကျပ်နှုန်းဖြင့် ဆက်လက်ထောက်ပံ့ပေးခဲ့သည်။

ထိုကဲ့သို့ ထောက်ပံ့ပေးရာတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ဘဏ္ဍာ အခွန် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းနှင့်တာဝန်ရှိသူများက ဇူလိုင်လ(၃)ရက် နံနက် (၁၀)နာရီအချိန်က မိုးကောင်းမြို့တော်ခန်းမတွင် သက်ဆိုင်ရာရာ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများအား အိမ်ထောင်စု (၃၈၀၈)စု အတွက် ငါးရာ့ခုနှစ်ဆယ့် တစ်သိန်းနှစ်သောင်းကို ပေးအပ်ပြီး ကျန်ရှိနေသော အိမ်ထောင်စုများကို ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များမှ တဆင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးက သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။