Trending Now

မီတာခ အတင်းအကြပ်ကောက်ခံခြင်း မီတာပုံးဖြုတ်ခြင်းများ ဆက်လက်ပြုလုပ်ပါက ငဲ့ညှာတော့မည် မဟုတ်ကြောင်း အင်းတော်ကြီး PDF အဖွဲ့ သတိပေး

Spread the love

မီတာခ အတင်းအကြပ်ကောက်ခံခြင်း မီတာပုံးဖြုတ်ခြင်းများ ဆက်လက်ပြုလုပ်ပါက ငဲ့ညှာတော့မည် မဟုတ်ကြောင်း အင်းတော်ကြီး PDF အဖွဲ့ သတိပေး
EPN
မြစ်ကြီးနား၊စက်တင်ဘာ ၁
ကချင်ပြည်နယ် အင်းတော်ကြီးဒေသရှိ နန့်မွန်းမြို့တွင် မီတာခများ ခန့်မှန်းကောက်ခံခြင်းနှင့် မီတာခ မပေးသည့်အိမ်များမှ မီတာဘောက်ဖြုတ်ယူခြင်းများဆက်လက်ပြုလုပ်ပါက နန့်မွန်းမြို့ရှိ EPCရုံးအား ငဲ့ညှာတော့မည်မဟုတ်ကြောင်း အင်းတော်ကြီး PDF အဖွဲ့က သြဂုတ်လ ၂၉ ရက်နေ့က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်း နန့်မွန်းမြို့ရှိ ရပ်ကွက် (၁)၊ရပ်ကွက်(၂)၊ရပ်ကွက်(၃)၊ရပ်ကွက်(၄)တို့တွင် မီးမကြာခဏပြတ်ခြင်း၊ မီတာခများကို ယူနစ်မဖတ်ပဲ ခန့်မှန်းကောက်ခံခြင်းများရှိလာသည့်အတွက် ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးကပြောဆိုသည်။
“မီတာခခန့်မှန်း ကောက်နေတာက ဩဂုတ်လကတည်းက လုပ်နေကြတာ၊ စာရွက်တွေလည်း မဖတ်ဘူး၊ သူတို့မီတာခလာကောက်ရင်လည်း နေ့မလာဘူး ညတွေကိုလာကောက်ကြတာ၊ မီတာခမပေးလို့ မီတာဘောက်ဖြုတ်တာတွေတော့မကြားရဘူး”ဟု ၎င်းကပြောသည်။
အလားတူ မိုးကောင်းမြို့နှင့် နမ္မတီးမြို့တွင်လည်း မီတာခန့်မှန်း ကောက်ခံခြင်းများ အတင်းအကြပ်ပြုလုပ်နေသည့်အတွက် နောက်ဆက်တွဲ ဆိုးကျိုးများကို တာဝန်ယူမည်မဟုတ်ကြောင်း PDFအဖွဲ့များမှ သတိပေး ထုတ်ပြန်ထားသည်။
လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။